■CCTVများဖြုတ်ထားပေးရန် မြို့ပြပျောက်ကျားအဖွဲ့များက မေတ္တာရပ်ခံ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နှင့် မြို့တစ်ဖက်ကမ်း ပုသိမ်-မုံရွာလမ်းပေါ်တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်များအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သေဆုံးမှုများနိုင်ကြောင်း ၎င်းအဖွဲ့များက ပြောသည်။
ယနေ့ ဇန်နဝါရီလ ၉ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း၊မုံရွာမြို့ ရန်ကင်းရပ်ကွက်ရှိ စည်ပင်အရာရှိ ကျော်ကြီး(ခ)ကျော်ဇင်နေထိုင်သောအိမ်နှင့် လဝကဝန်ထမ်းတစ်ဦး၏နေအိမ်ကို မြို့ပြပြောက်ကျား၄ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့က သတင်းထုတ်ပြန်သည်။
အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကို ACF Monywa၊Monywa Phoenix Waarior၊Monywa NightKing၊Monywa Ninjaတို့အဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
အလားတူ မုံရွာမြို့၊ ချင်းတွင်းမြစ်အနောက်ဘက်ခြမ်း၊ ပုသိမ်-မုံရွာလမ်း ဝမ်ပေါင်ဆိုက်မြောက်ဘက် ငွေကမ္ဘာမင်းဆီဆိုင်အနီးတွင်လည်း ယနေ့နံနက်၉နာရီဝန်းကျင်ခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းများဆွဲတိုက်ခိုက်ခဲ့ကြောင်း One Star Task Forceအဖွဲ့မှသတင်းထုတ်ပြန်ကြေညာသည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြားနိုင်ပြီး One Star Task Force၊Monywa Truth of Force ၊Triple Two အဖွဲ့၃ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့ကအသိပေးသည်။
ထို့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်ရာတွင် လုံခြုံရေးကင်မရာများကြောင့် အခက်အခဲများကြုံတွေ့နေရသဖြင့် CCTVများဖြုတ်ထားပေးရန် မြို့ပြပျောက်ကျားအဖွဲ့များက မေတ္တာရပ်ခံနေသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များအား ပြောက်ကျားတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ပြည်သူများ နေ့လယ်၁နာရီမှ ညနေ၆နာရီအထိ ကျန်းမာရေးကိစ္စမှလွဲ၍ အပြင်မထွက်ကြရန် မြို့ပြပျောက်ကြားအဖွဲ့များကမေတ္တာရပ်ခံထားသည်။


















































