■ကလေးငယ်တစ်ဦးထိ့ခိုက်မိသည့်အတွက်လည်းလွန်စွာစိတ်မကောင်းကြောင်း၊ပြည်သူများစစ်ကောင်စီတပ်သားများနှင့်ဝေးဝေးနေရန် မဟာမိတ်များအဖွဲ့ထုတ်ပြန်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်တွင် ယမန်နေ့ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်အား ပါဆယ်ဗုံးဖြင့် ခုခံတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးကြောင်း မုံရွာအခြေစိုက် မဟာမိတ်အဖွဲ့များကသတင်ထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီလ၁၀ ရက် )ညနေ ၅ နာရီခန့်က မုံရွာမြို့၊ တမာတန်းမီးပွိုင့်တွင် မဟာမိတ်အဖွဲ့များက ပါဆယ်ဗုံးချထားခဲ့ရာ အိမ်စီးကားဖြင့် လာရောက်စစ်ဆေးစဥ် ပေါက်ကွဲသဖြင့် အကြမ်းဖက် စစ်ကောင်စီမှ ၇ ဦးအနက်၂ ဦးပွဲခြင်းပြီးသေဆုံးပြီး ၂ ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်းမဟာမိတ်အဖွဲ့များက အသိပေးသည်။ထိုဖောက်ခွဲမှူတွင် အပြစ်မဲ့သည့် ကလေးတစ်ယောက် ထိခိုက်မိသွားသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်မိကြောင်းလည်းဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် CCTVမှတ်တမ်းများမှတဆင့် ဗုံးလာချသည်ဟုသိရ၍ သွားရောက်ကာ ဗုံးတွေ့ရှိချိန် ထပေါက်ကွဲ၍ စစ်ကောင်စီတပ်သား၄ဦး သေဆုံးကြောင်း၊ သေဆုံးသူများထဲတွင် မကြာမီနယ်ပြောင်းရမည့် ဒုရဲအုပ်တစ်ဦး ပါဝင်ကြောင်း မုံရွာချင်းတွင်းရိုးမသတင်းစာမျက်နှာက ဖော်ပြသည်။

Public Service Announcement
ထို့အပြင် ရန်ကင်းမီးပွိုင့်၊ ကားလေးကွင်းမီးပွိုင့်နှင့် ဘိုးဘွားရိပ်သာအဝိုင်းပတ်အနီးတို့တွင်လည်း ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိခိုက်မှုအခြေအနေကိုမူ လုံခြုံရေးအရ မသိရှိရသေးကြောင်း၊ မိဘပြည်သူများအနေဖြင့် မိမိတို့အန္တရာယ်အား ကြိုတင်ကာကွယ်သောအားဖြင့် စစ်ကောင်စီတပ်များနှင့် တက်နိုင်သမျှ ဝေးဝေးနေကြရန် အသိပေးထားသည်။
“မိဘပြည်သူများ ကျွန်တော်တို့ UGညီကိုတွေပြောစကားလေးတွေနားထောင်ပြီးလိုက်နာပေးကြပါ။ စကစတွေနဲ့ အဝေးဆုံးနေပေးပါလို့မလုပ်ခင်ကျွန်တော်တို့UGညီကိုတွေကစာအရင်ထုတ်ပေးထားပါတယ်။ စည်းကမ်းမလိုက်နာလို့ တစ်စုံတစ်ခုဖြစ်ခဲ့ရင်ကျွန်တော်တို့UGညီကိုတွေကိုအပြစ်မမြင်စေချင်ပါ။ စည်းလုံးခြင်းဖြင့်ပါဝင်ပေးကြပါ”ဟု Monywa The Boys အဖွဲ့က ပြောသည်။
ယခုရက်ပိုင်းအတွင်းမုံရွာမြို့တွင် မြို့ပြပြောက်ကျားအဖွဲ့များက အချိန်အကန့်အသတ်ဖြင့် အိမ်ပြင်သို့ထွက်ကြရန် သတိ့ပေးနေသည်။ထိုအပြင် ပြည်သူများကို စစ်ကောင်စီတပ်သားများနှင့် ဝေးဝေးနေကြရန်လည်း သတိ့ပေးထားသည်။


















































