Connect with us

Hi, what are you looking for?

News

၀ိုင်းမော်တွင် အိမ်သစ်တက်ပွဲလုပ်မည့်အိမ်ကို စစ်ကောင်စီဝင်စီးပြီး ကလေးများအပါအဝင် နေအိမ်ရှိလူ ၃၀​ကျော်ကို ဖမ်းသွား

“ကျွန်တော်တို့ တောင်မှ ဖိတ်စာပေးလို့ ဒီမနက်သွားမလို့ စီစဉ်နေတာ အဲဒီသတင်းကြားလိုက်ရတာ။ မနေ့ညက ကျွန်တော်တို့ ကချင်ရိုးရာအရဆိုရင်တော့ ဒီအိမ်သစ်တက်မှာ ဆိုရင်တော့ အမျိုးတွေ အကုန်လုံးလာကြတယ်လေ။ အမျိုးတွေက ဒီ ကော်ညှင်းပလိုင်း၊ ရိုးရာပလိုင်းနဲ့လာပြီးမှ ဂုဏ်ပြုတာပေါ့။ အဲဒီလိုမျိုးဆိုတော့ လူနည်းနည်းတော့ စုလိမ့်မယ် … ”

(အိမ်သစ်တက်ပွဲ ဖိတ်စာပါ နေအိမ်ကို​တွေ့ရစဥ်)

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် မိုင်းနားကျေးရွာတွင် ကချင်ရိုးရာအရ အိမ်သစ်တက်ပွဲ ပြုလုပ်မည့် နေအိမ်တစ်ခုသို့ စစ်ကောင်စီတပ်များဝင်ရောက်စီးနင်း သေနတ်ပစ်ဖောက်ပြီး အဆိုပါနေအိမ်ရှိနေသူများကို ဖမ်းဆီးသွားကြောင်း မိုင်းနားဒေသခံအချို့က ပြောသည်။

ကချင်ဒေသအခြေစိုက် သတင်းဌာန The 74 Media တွင် ယင်းဖြစ်စဉ်ကို ဖော်ပြထားရာ ယနေ့ ဇူလိုင် ၁ရက် နံနက် ၄နာရီခန့်တွင် စစ်ကောင်စီတပ်များ နေအိမ်သို့ ဝင်လာပြီး ကလေးငယ်၈ဦး နှင့် လူကြီး ၃၀ ကျော်ကို ဖမ်းဆီးသွားသည်ဟု ဆိုသည်။

ယင်းနှင့်ပတ်သက်၍ မိုင်းနားရပ်ကွက်၌ နေထိုင်သူ တစ်ဦးက “ကျွန်တော်တို့ တောင်မှ ဖိတ်စာပေးလို့ ဒီမနက်သွားမလို့ စီစဉ်နေတာ အဲဒီသတင်းကြားလိုက်ရတာ။ မနေ့ညက ကျွန်တော်တို့ ကချင်ရိုးရာအရဆိုရင်တော့ ဒီအိမ်သစ်တက်မှာ ဆိုရင်တော့ အမျိုးတွေ အကုန်လုံးလာကြတယ်လေ။ အမျိုးတွေက ဒီ ကော်ညှင်းပလိုင်း၊ ရိုးရာပလိုင်းနဲ့လာပြီးမှ ဂုဏ်ပြုတာပေါ့။ အဲဒီလိုမျိုးဆိုတော့ လူနည်းနည်းတော့ စုလိမ့်မယ်” ဟု ပြောသည်။

အရေ အတွက် မည်မျှဖမ်းသွားသည်ကိုမူ ၎င်းအနေဖြင့် အတိအကျ မသိဟု ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းနားကျေးရွာအနီးရှိ စစ်ရှောင်ပြည်သူတစ်ဦးကလည်း ယနေ့မနက်ပိုင်းတွင် သေနတ်ပစ်ခတ်သံများ ကြားရ၍ စခန်းအပြင်ဘက်သို့ မထွက်ရဲကြောင်း ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

နယ်စပ်အနီး စစ်တပ်စခန်းမီးလောင်မှု၊ စစ်သားအလောင်းတွေကျန်ခဲ့တဲ့ရုပ်သံတွေထွက်ပေါ်

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

တောဆင်ရိုင်းတွေ ကျက်စား​လေ့ရှိတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောမှော်ရွာမှာ အိမ်ဆင်လေးတစ်ကောင်ဟာ တောဆင်လိုက်လို့ နီးရာအိမ်လေးတစ်လုံးထဲ ဝင်ပုန်းနေတဲ့ ရုပ်သံမှတ်တမ်းတစ်ခု လှုမှုကွန်ရက် Tiktok မှာ ထွက်ပေါ်လာခဲ့ပါတယ်။