Connect with us

Hi, what are you looking for?

News

ယခုလဝက်အတွင်း တိုက်ပွဲ၁၈၀ကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၆၀ခန့်သေဟု KNU ထုတ်ပြန်

စစ်ကောင်စီတပ်က ထိုသို့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများကြောင့်အပြစ်မဲ့ပြည်သူ လူထု ၇ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေများ၌ ဇန်နဝါရီ ၁ရက်မှ ၁၅ရက် အတွင်း တိုက်ပွဲ ၁၈၁ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅၉ ဦးသေဆုံးကာ ၁၀၂ဦး ဒဏ်ရာရခဲ့သည်ဟု KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တပ်တို့မှ ၁၃ဦးကျဆုံးပြီး ၁၈ဦးထိခိုက်ခဲ့သည်ဟု ဆိုသည်။

ကော်သူးလေအုပ်ချုပ်နယ်မြေများဖြစ်သည့် KNU တပ်မဟာ(၁) ဒူးသထူခရိုင်၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၄) ဘိတ်ထားဝယ်ခရိုင်၊ တပ်မဟာ(၅) မူတြော်ခရိုင် နှင့် တပ်မဟာ(၆) ဒူးပလာယာခရိုင် များအတွင်း တိုက်ပွဲများဖြစ်ခဲ့ပြီး တပ်မဟာ(၅)နယ်မြေ တွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးဖြစ်သည်။

အဆိုပါ နယ်မြေများအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် ၎င်းတို့၏ လက်အောက်ခံတပ်များက ပြည်သူလူထုနေထိုင်ရာကျေးရွာများနှင့် လုပ်ငန်းခွင်များ အတွင်း လက်နက်ကြီးပစ်ခတ်ခဲ့ပြီး တပ်မဟာ(၅)နှင့် တပ်မဟာ(၆)နယ်မြေများတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က ထိုသို့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများကြောင့်အပြစ်မဲ့ပြည်သူ လူထု ၇ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

လတ်တလော KNU အုပ်ချုပ်ရေးနယ်မြေများ၌ စစ်ရှောင် ပြည်သူ ၅ သောင်းကျောင်ရှိပြီး အခက်အခဲများစွာရင်ဆိုင်နေရ၍ ကူညီထောက်ပံ့မှုရရှိရန်လိုအပ်နေကြောင်း၊ KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းရှိ ပြည်သူ ၁သိန်းကျော် စိုးရိမ်ကြောက်လန့်မှုများဖြင့်အသက်ရှင်နေထိုင် နေကြရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။