Connect with us

Hi, what are you looking for?

News

လွိုင်​ကော်နှင့် ဒီး​မော့ဆိုတွင် ယမန်​နေ့က တိုက်ပွဲပြင်းထန်၊ စစ်​​ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ

ကယားပြည်နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် အင်အားအလုံးအရင်း ထိုးစစ်ဆင်ရာ တိုက်​လေယာဥ်အပြင် လက်နက်ကြီးများကို အဓိကအသုံးပြု​နေ​​သောလက်နက်ဖြစ်ပြီး ဒေသခံကာကွယ်​ရေးတပ်များသည် ​နေ့စဥ်ရင်ဆိုင်​တိုက်ခိုက်နေရသည်။

▪️​နေအိမ်အချို့လည်း မီးရှို့ဖျက်ဆီးခံရ

ကရင်နီ(ကယား)ပြည်နယ် လွိုင်​ကော်မြို့နယ် မှုံပြာကန်အနီးတွင် ထိုးစစ်ဆင်လာ​သောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)က ယနေ့ (ဇန်နဝါရီ ၂၃ ရက်)တွင် ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၂ရက်က မှုံပြာကန်အနီး အကြမ်းဖက်စစ်ကောင်စီ၏ထိုးစစ်ကို အလယ်ပိုင်းတိုင်း၊ လွိုင်​ကော် (PDF)၊ KNDF၊ KA တပ်ဖွဲ့များပူး​ပေါင်းကာ ခုခံခဲ့သည်ဟု DMO-PDFက ဆိုသည်။

တိုက်ပွဲမှာ နံနက်၉နာရီအချိန်မှစတင်ကာ မွန်းလွဲ ၂နာရီ ၁၅မိနစ်ထိ ၅နာရီ​ကျော်ကြာ​ ခုခံတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်​ကောင်စီတပ်ဖက်က သေဆုံး​မှုရှိခဲ့ပြီး ထိခိုက်ဒဏ်ရာများစွာရှိခဲ့​ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်​​ကောင်စီတပ်ဖွဲ့က ပြည်သူပိုင်အိုးအိမ်တစ်လုံး မီးရှို့ဖျက်စီးခဲ့ပါသည်။

ထိုနည်းတူ ယမန်နေ့က ဒီး​​မော့ဆိုမြို့နယ် စံပြ(၆)မိုင်​ကျေးရွာအုပ်စု ဟိုဖိတ်​ကျေးရွာတွင် ထိုးစစ်ဆင်လာ​သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)၊အလယ်ပိုင်းတိုင်း၊ လွိုင်​ကော်(PDF)၊ KNDF၊ KA တပ်ဖွဲ့များပူး​ပေါင်းကာ မွန်းလွဲ ၁နာရီမှ စတင်ပြီး ညနေ ၅နာရီဝန်းကျင်ခန့်ထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်​​ကောင်စီတပ်ဖွဲ့က ပြည်သူပိုင် အိုးအိမ်ငါးလုံးထက်မနည်းကိုလည်း မီးရှို့ဖျက်စီးခဲ့သည်။

ဟိုဖိတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်​​ကောင်စီတပ်ဖွဲ့က ထိခိုက်​သေဆုံးမှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖက်က ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု DMO-PDFက အသိပေးသည်။

ကယားပြည်နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် အင်အားအလုံးအရင်း ထိုးစစ်ဆင်ရာ တိုက်​လေယာဥ်အပြင် လက်နက်ကြီးများကို အဓိကအသုံးပြု​နေ​​သောလက်နက်ဖြစ်ပြီး ဒေသခံကာကွယ်​ရေးတပ်များသည် ​နေ့စဥ်ရင်ဆိုင်​တိုက်ခိုက်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။