Connect with us

Hi, what are you looking for?

News

ချင်းပြည်နယ်အတွင်းရှစ်လ​ကျော်ကြာတိုက်ပွဲတွင် စစ်​ကောင်စီတပ် ၁၀၂၉ ဦး​သေဆုံး

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကို လက်မခံလို၍ ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်စစ်ကောင်စီက လူမဆန်စွာဖမ်းဆီးနှိမ့်စက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ဒေသအလိုက်ကာကွယ်ရေးတပ်များ ဖွဲ့စည်းခဲ့ရခြင်းဖြစ်​ကြောင်းCJDCရှင်းလင်းသည်။

●ဒေသခံကာကွယ်​ရေးတပ်များမှ ၅၈ ဦးကျဆုံး၊ စစ်​ကောင်စီတပ်ကပြည်သူ ၂၇ဦးအားသတ်ဖြတ်ခဲ့

ချင်းပြည်နယ်နှင့် ချင်းလူမျိုးအများစုနေထိုင်ရာ ဒေသများတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ချင်းဒေသခံကာကွယ်ရေးတပ်များကြား ၂၀၂၁ ဧပြီ ၂၄ ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ ရှစ်လကျော်အတွင်း တိုက်ပွဲပေါင်း ၁၈၀ကျော်ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀၂၉ကျော် သေဆုံးခဲ့သည်ဟု Chinland Joint defense Committee-CJDC ကယနေ့သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကို လက်မခံလို၍ ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်စစ်ကောင်စီက လူမဆန်စွာဖမ်းဆီးနှိမ့်စက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ဒေသအလိုက်ကာကွယ်ရေးတပ်များ ဖွဲ့စည်းခဲ့ရခြင်းဖြစ်​ကြောင်းCJDCရှင်းလင်းသည်။

ထို့သို့ကာကွယ်ရေးတပ်များဖွဲ့စည်းပြီး ဧပြီ ၂၄ ရက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ ၂၀၂၁ဒီဇင်ဘာ ၃၁ရက်အထိ အကြမ်းဖက်စစ်ကောင်စီနှင့်ဒေသခံကာကွယ်ရေးတပ်များကြား တိုက်ပွဲပေါင်း ၁၈၄ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက ၁၀၂၉ဦး သေဆုံးခဲ့​ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထာသည်။

Public Service Announcement

Public Service Announcement

ဒေသခံကာကွယ်ရေးတပ်များမှ ၅၈ဦးကျဆုံးခဲ့ကာ ပြည်သူများနှင့်နိုင်ငံ​တော်အတွက် အသက်​ပေးလှူသွား​ကြောင်းသိ့ရသည်။ထိုအပြင်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီက အရပ်သား ၂၇ ဦးကို သတ်ဖြတ်ခဲ့သည်ဟုလည်းပါရှိသည်။ အဆိုပါ တိုက်ပွဲအကြိမ်ရေသည် တိုက်ပွဲငယ်များကို ထည့်သွင်းရေတွက်ထားခြင်းမရှိဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုအများဆုံးမှာ ချင်းပြည်နယ် မင်းတပ် နှင့် ဟားခါး မြို့နယ်များ၌ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ချင်းပြည်ဒေသခံကာကွယ်ရေးတပ်များသည် ချင်းပြည်နယ်အပြင် ချင်းလူမျိုးများ အများစုနေထိုင်ရာ ယော၊ တမူး၊ ဂန့်ဂေါနှင့် ကလေးမြို့နယ်တွင်လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်ဟု CJDCက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ်အနေဖြင့် ဒေသခံပြည်သူများအပေါ် အကြမ်းဖက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ် များကို မီးရှို့ခြင်းများကို ပြုလုပ်ခဲ့သည်။ စစ်ကောင်စီတပ်က ထန်တလန်မြို့ရှိနေအိမ်များကို အကြိမ် ကြိမ် မီးရှို့ဖျက်ဆီးခဲ့ရာ ဘုရားကျောင်းများအပါအဝင် အိမ်ခြေ ၇၀၀ ကျော်မီးလောင်ပျက်စီးခဲ့သည်။

Public Service Announcement

တိုက်ပွဲဖြစ်ပွားရာဒေသများမှာ ချင်းပြည်နယ် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ မင်းတပ်၊ မတူပီ၊ ကန်ပက် လက်၊ တီးတိန်၊ တွန်းဇံ၊ ပလက်၀၊ ယောဒေသ၊ တမူး၊ ဂန့်ဂေါ နှင့် ကလေး မြို့နယ်တို့ တွင်ဖြစ်သည်။

CJDC ကို ချင်းပြည်နယ်ရှိ ဒေသအသီးသီး၌ စုဖွဲ့ထားသည့် ချင်းကာကွယ်ရေးတပ်(CDF) တပ်များ၊ နှင့် ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် ချင်းလက်နက်ကိုင်အဖွဲ့များဖြင့်စုစည်း ဖွဲ့စည်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။