Connect with us

Hi, what are you looking for?

News

KDDFက​ ကျောက်ဆည်မြို့မရဲစခန်းကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

“အရင်လိုသေနက်အတွဲလိုက်မဆွဲတော့ဘူး။သေနတ်သံတစ်ချက်ပဲကြားရတယ်။ နောက်ဘာသံမှတော့ထွက်မလာတော့ဘူး။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F) တာဝန်ရှိသူက လူထုနွေဦးသို့ ဖြေကြားသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ မြို့မရဲစခန်းအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က ယ​နေ့ သတင်းထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ၂၆ရက်) ညနေ ၆နာရီ ၁၅မိနစ်တွင် ကျောက်ဆည် မြို့မရဲစခန်းအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေမသိရသေးကြောင်း အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဗုံးပေါက်ကွဲသံအား ကျောက်ဆည်တစ်မြို့လုံးမှကြားလိုက်ရကြောင်း ဒေသခံအချို့က ပြောသည်။

“အရင်လိုသေနက်အတွဲလိုက်မဆွဲတော့ဘူး။သေနတ်သံတစ်ချက်ပဲကြားရတယ်။ နောက်ဘာသံမှတော့ထွက်မလာတော့ဘူး။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F) တာဝန်ရှိသူက လူထုနွေဦးသို့ ဖြေကြားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့ကမန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အောင်သာကွင်းရှိ မန္တလေး လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး အရပ်ဝတ်ဖြင့် ကျေးရွာအတွင်း ဝင်ရောက်သတင်းယူနေစဥ် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။