Connect with us

Hi, what are you looking for?

LuduNwayOo

News

KDDFက​ ကျောက်ဆည်မြို့မရဲစခန်းကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

“အရင်လိုသေနက်အတွဲလိုက်မဆွဲတော့ဘူး။သေနတ်သံတစ်ချက်ပဲကြားရတယ်။ နောက်ဘာသံမှတော့ထွက်မလာတော့ဘူး။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F) တာဝန်ရှိသူက လူထုနွေဦးသို့ ဖြေကြားသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ မြို့မရဲစခန်းအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)က ယ​နေ့ သတင်းထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ၂၆ရက်) ညနေ ၆နာရီ ၁၅မိနစ်တွင် ကျောက်ဆည် မြို့မရဲစခန်းအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေမသိရသေးကြောင်း အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဗုံးပေါက်ကွဲသံအား ကျောက်ဆည်တစ်မြို့လုံးမှကြားလိုက်ရကြောင်း ဒေသခံအချို့က ပြောသည်။

“အရင်လိုသေနက်အတွဲလိုက်မဆွဲတော့ဘူး။သေနတ်သံတစ်ချက်ပဲကြားရတယ်။ နောက်ဘာသံမှတော့ထွက်မလာတော့ဘူး။”ဟု ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F) တာဝန်ရှိသူက လူထုနွေဦးသို့ ဖြေကြားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့ကမန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အောင်သာကွင်းရှိ မန္တလေး လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး အရပ်ဝတ်ဖြင့် ကျေးရွာအတွင်း ဝင်ရောက်သတင်းယူနေစဥ် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။