Connect with us

Hi, what are you looking for?

News

ပူတာအိုရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA၊ PDF တိုက်ခိုက်သိမ်းပိုက်၊ လက်နက်အချို့ရပြီး စခန်းကိုမီးရှို့

တိုက်ခိုက်မှုကို KIA ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် KIA ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ် ရေးတပ်(PDF)တို့ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာအနီးရှိ တပ်စခန်းကို ယနေ့နံနက်ပိုင်းက ၁နာရီကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ပူတာအိုဘက်က ဆွန်ပီယန် တပ်စခန်းတစ်ခုကိုတော့ ဒီမနက် ၁၀နာရီ ၃၀မိနစ်ကနေ တစ်နာရီလောက် အချိန်ယူပြီးမှ ပစ်တယ်လို့ ကြားပါတယ်။ တပ်စခန်းတွေလည်း မီးရှို့လိုက်ပြီလို့ ကြားပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ၌ လက်နက်ခဲယမ်းရရှိမှု အခြေအနေကိုမေးမြန်းရာ ၎င်းက “နှစ်လက်လား ၊ သုံးလက်လားတော့ ရတယ်လို့တော့ ကြားပါတယ်။ ဒါပေမဲ့ အတိအကျတော့ မသိရသေးဘူး”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကို KIA ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA အနေဖြင့် ၎င်းတို့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်စဉ်များ၊ စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး ထိခိုက်ကျဆုံးမှု အခြေအနေများကို ချက်ချင်းထုတ်ပြန်လေ့မရှိပေ။

KIA အနေဖြင့် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ကောင်စီတပ်စွဲထားသည့် နေရာအချို့ကို ယနေ့တိုက်ခိုက်မှုအချို့ပြုလုပ်ခဲ့သော်လည်း မြေပြင်သတင်းများမရသေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။