Connect with us

Hi, what are you looking for?

News

ကျန်းမား​ရေးကား ၂ စီးအသုံးပြုသွား​နေ​သောစစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်​သေဆုံးထိခိုက်သူများနိုင်

မိုင်းခွဲခံရချိန်တွင် ကားနှစ်စီးအနက် တစ်စီးမှာအပိုင်းအစများလွင့်စင်၍ပျက်စီးသွားရာ စစ်​ကောင်စီတပ်သားများသေဆုံးမှုများနိုင်သည်ဟုသိရကြောင်း၊ အကြမ်းဖက်သမားများဘက်မှ လက်နက်များဖြင့် တရစပ် ပစ်ခတ်လျက်ရှိနေသော်လည်း PDF ရဲဘော်များအန္တရာယ်ကင်း ဘေးရှင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းမူ PDFက ပြောသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ကျန်းမာရေးကားနှစ်စီးဖြင့် သွားလာနေသော အကြမ်းဖက်စစ်ကောင်စီတပ်များအား မိုင်းခွဲတိုက်ခိုက်ရာ သေဆုံးထိ့ခိုက်မှုများနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-မြင်းမူက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ (၂) ရက်နေ့ ညနေ (၂:၄၀) မိနစ်အချိန်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှ မုံရွာမြို့သို့ ကျန်းမာရေးကားနှစ်စီးအား အသုံးပြု၍ သွားလာနေသော စစ်ကောင်စီတပ်များအား မြင်းမူမြို့နယ် ၊ဂွေးပင်တောကျေးရွာနှင့် ရေပိုးစားရွာကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းမူ PDFက အသိပေးသည်။

မိုင်းခွဲခံရချိန်တွင် ကားနှစ်စီးအနက် တစ်စီးမှာအပိုင်းအစများလွင့်စင်၍ပျက်စီးသွားရာ စစ်​ကောင်စီတပ်သားများသေဆုံးမှုများနိုင်သည်ဟုသိရကြောင်း၊ အကြမ်းဖက်သမားများဘက်မှ လက်နက်များဖြင့် တရစပ် ပစ်ခတ်လျက်ရှိနေသော်လည်း PDF ရဲဘော်များအန္တရာယ်ကင်း ဘေးရှင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းမူ PDFက ပြောသည်။

မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ ၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM ၊ Black Eagle Defence Force-MMU၊ Myin Mu Defence Force-MMDF နှင့် People’s Defence Force Myinmu-MMUPDF မဟာမိတ်(၅)ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် မြင်းမူ PDF အပါအဝင် မဟာမိတ်အဖွဲ့များမှာ ယ​နေ့နံနက်က ပျူ​​စောထီးစခန်း သုံးခုကိုသွား​ရောက်တိုက်ခိုက်ပြီး ပျူ​စောထီးတပ်ဖွဲ့ဝင်များထွက်​ပြေးသဖြင့် လက်နက်အချို့ရရှိခဲ့ကာ စခန်းများကိုမီးရှို့ဖျက်ဆီးခဲ့သည်။

မြင်းမူ PDFနှင့်မဟာမိတ်အဖွဲ့များသည် ယမန်နေ့ညနေကလည်း ပျူစောထီးစခန်းအားဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။