Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျန်းမား​ရေးကား ၂ စီးအသုံးပြုသွား​နေ​သောစစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်​သေဆုံးထိခိုက်သူများနိုင်

မိုင်းခွဲခံရချိန်တွင် ကားနှစ်စီးအနက် တစ်စီးမှာအပိုင်းအစများလွင့်စင်၍ပျက်စီးသွားရာ စစ်​ကောင်စီတပ်သားများသေဆုံးမှုများနိုင်သည်ဟုသိရကြောင်း၊ အကြမ်းဖက်သမားများဘက်မှ လက်နက်များဖြင့် တရစပ် ပစ်ခတ်လျက်ရှိနေသော်လည်း PDF ရဲဘော်များအန္တရာယ်ကင်း ဘေးရှင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းမူ PDFက ပြောသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် ကျန်းမာရေးကားနှစ်စီးဖြင့် သွားလာနေသော အကြမ်းဖက်စစ်ကောင်စီတပ်များအား မိုင်းခွဲတိုက်ခိုက်ရာ သေဆုံးထိ့ခိုက်မှုများနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-မြင်းမူက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ (၂) ရက်နေ့ ညနေ (၂:၄၀) မိနစ်အချိန်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့မှ မုံရွာမြို့သို့ ကျန်းမာရေးကားနှစ်စီးအား အသုံးပြု၍ သွားလာနေသော စစ်ကောင်စီတပ်များအား မြင်းမူမြို့နယ် ၊ဂွေးပင်တောကျေးရွာနှင့် ရေပိုးစားရွာကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းမူ PDFက အသိပေးသည်။

မိုင်းခွဲခံရချိန်တွင် ကားနှစ်စီးအနက် တစ်စီးမှာအပိုင်းအစများလွင့်စင်၍ပျက်စီးသွားရာ စစ်​ကောင်စီတပ်သားများသေဆုံးမှုများနိုင်သည်ဟုသိရကြောင်း၊ အကြမ်းဖက်သမားများဘက်မှ လက်နက်များဖြင့် တရစပ် ပစ်ခတ်လျက်ရှိနေသော်လည်း PDF ရဲဘော်များအန္တရာယ်ကင်း ဘေးရှင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းမူ PDFက ပြောသည်။

မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ ၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM ၊ Black Eagle Defence Force-MMU၊ Myin Mu Defence Force-MMDF နှင့် People’s Defence Force Myinmu-MMUPDF မဟာမိတ်(၅)ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် မြင်းမူ PDF အပါအဝင် မဟာမိတ်အဖွဲ့များမှာ ယ​နေ့နံနက်က ပျူ​​စောထီးစခန်း သုံးခုကိုသွား​ရောက်တိုက်ခိုက်ပြီး ပျူ​စောထီးတပ်ဖွဲ့ဝင်များထွက်​ပြေးသဖြင့် လက်နက်အချို့ရရှိခဲ့ကာ စခန်းများကိုမီးရှို့ဖျက်ဆီးခဲ့သည်။

မြင်းမူ PDFနှင့်မဟာမိတ်အဖွဲ့များသည် ယမန်နေ့ညနေကလည်း ပျူစောထီးစခန်းအားဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။