Connect with us

Hi, what are you looking for?

LuduNwayOo

News

လုပ်ငန်းရှင်တစ်ဦးထံကနေ ဒေါ်လာ ၅ သိန်းခွဲ လာဘ်ယူတယ်ဆိုကာဒေါ်အောင်ဆန်းစုကြည် ကို အဂတိပုဒ်မ နဲ့စစ်ကောင်စီထပ်မံတရားစွဲ

ဒေါ်အောင်ဆန်းစုကြည် တာဝန်ထမ်းဆောင်ချိန် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက စီးပွားရေးလုပ်ငန်းတွေအဆင်ပြေစေဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကို အလှူငွေအဖြစ် အကြောင်းပြကာ အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ အဂတိကော်မရှင်ကဆိုထားပါတယ်။

Photo - Getty Images

လုပ်ငန်းရှင်တစ်ဦးထံကနေ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ တံစိုးလက်ဆောင်ယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိပုဒ်မ နဲ့ထပ်တိုးတရားစွဲလိုက်ပါတယ်။

ဒီလို အဂတိပုဒ်မ နဲ့ထပ်တိုးတရားစွဲတာကို စစ်ကောင်စီ အဂတိကော်မရှင်ရဲ့ဒီနေ့ညပိုင်းက ထုတ်ပြန်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တာဝန်ထမ်းဆောင်ချိန် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက စီးပွားရေးလုပ်ငန်းတွေအဆင်ပြေစေဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကို အလှူငွေအဖြစ် အကြောင်းပြကာ အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ အဂတိကော်မရှင်ကဆိုထားပါတယ်။

ဒီလှူဒါန်းငွေကို ဒေါ်အောင်ဆန်းစုကြည်ဟာ လေးကြိမ်ခွဲပြီး တံစိုးလက်ဆောင်အဖြစ်ယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစွပ်စွဲချက်နဲ့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့မှာပဲ ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မ ၅၅ နဲ့ တရားစွဲလိုက်တယ်လို့ သိရပါတယ်။

ဒီလိုအမှုဖွင့်တာဟာ ဒေါ်အောင်ဆန်းစုကြည် နေမကောင်းလို့ တရားခွင်ကိုမလာရောက်နိုင်တဲ့ နေ့နဲ့လည်းတိုက်ဆိုင်နေတာတွေ့ရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကိုဒါဇင်နဲ့ချီတဲ့ ပုဒ်မမျိုးစုံနဲ့စွပ်စွဲကာ တရားစွဲဆိုထားတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။