Connect with us

Hi, what are you looking for?

News

လုပ်ငန်းရှင်တစ်ဦးထံကနေ ဒေါ်လာ ၅ သိန်းခွဲ လာဘ်ယူတယ်ဆိုကာဒေါ်အောင်ဆန်းစုကြည် ကို အဂတိပုဒ်မ နဲ့စစ်ကောင်စီထပ်မံတရားစွဲ

ဒေါ်အောင်ဆန်းစုကြည် တာဝန်ထမ်းဆောင်ချိန် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက စီးပွားရေးလုပ်ငန်းတွေအဆင်ပြေစေဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကို အလှူငွေအဖြစ် အကြောင်းပြကာ အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ အဂတိကော်မရှင်ကဆိုထားပါတယ်။

Photo - Getty Images

လုပ်ငန်းရှင်တစ်ဦးထံကနေ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲ တံစိုးလက်ဆောင်ယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အဂတိပုဒ်မ နဲ့ထပ်တိုးတရားစွဲလိုက်ပါတယ်။

ဒီလို အဂတိပုဒ်မ နဲ့ထပ်တိုးတရားစွဲတာကို စစ်ကောင်စီ အဂတိကော်မရှင်ရဲ့ဒီနေ့ညပိုင်းက ထုတ်ပြန်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တာဝန်ထမ်းဆောင်ချိန် ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက စီးပွားရေးလုပ်ငန်းတွေအဆင်ပြေစေဖို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကို အလှူငွေအဖြစ် အကြောင်းပြကာ အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ အဂတိကော်မရှင်ကဆိုထားပါတယ်။

ဒီလှူဒါန်းငွေကို ဒေါ်အောင်ဆန်းစုကြည်ဟာ လေးကြိမ်ခွဲပြီး တံစိုးလက်ဆောင်အဖြစ်ယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစွပ်စွဲချက်နဲ့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့မှာပဲ ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မ ၅၅ နဲ့ တရားစွဲလိုက်တယ်လို့ သိရပါတယ်။

ဒီလိုအမှုဖွင့်တာဟာ ဒေါ်အောင်ဆန်းစုကြည် နေမကောင်းလို့ တရားခွင်ကိုမလာရောက်နိုင်တဲ့ နေ့နဲ့လည်းတိုက်ဆိုင်နေတာတွေ့ရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ကိုဒါဇင်နဲ့ချီတဲ့ ပုဒ်မမျိုးစုံနဲ့စွပ်စွဲကာ တရားစွဲဆိုထားတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။