Connect with us

Hi, what are you looking for?

News

ရွှေကူရဲစခန်း ထပ်မံတိုက်ခိုက်ခံရ၍ တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်

အဆိုပါ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေများကို မကြားသိရသေးကြောင်းနှင့် ယနေ့နံနက်ပိုင်း မြို့ပေါ် အခြေအနေမှာ ပုံမှန်အတိုင်း သွားလာနေကြဆဲဖြစ်ကြောင်း ဒေသခံက ပြောသည်။

ကချင်ပြည်နယ် ရွှေကူမြို့ရှိ စစ်ကောင်စီလက်အောက်ခံရဲစခန်းကို ယမန်နေ့ (ဖေဖော်ဝါရီ ၆ရက်) ညပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်တိုက်ခိုက်ခဲ့၍ တစ်နာရီခန့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ခဲ့သည်ဟု ဒေသခံက ပြောသည်။

“ဖြစ်စဉ်က ညက ၉နာရီလောက်က အသံတွေကြားတယ်။ အသံတွေဆိုတာ မိုင်းကွဲသံပေါ့။ တော်တော်ကြာတယ် တစ်နာရီလောက်ဖြစ်မယ်။ လက်နက်ငယ်သံတွေလည်းကြားတယ်။ တစ်ညလုံးတော့ လက်နက်ငယ်သံတွေ ကြားတယ်။ ဘယ်ကပစ်လဲတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။

Public Service Announcement

အဆိုပါ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေများကို မကြားသိရသေးကြောင်းနှင့် ယနေ့နံနက်ပိုင်း မြို့ပေါ် အခြေအနေမှာ ပုံမှန်အတိုင်း သွားလာနေကြဆဲဖြစ်ကြောင်း ဒေသခံက ပြောသည်။

ယမန်နေ့ည တိုက်ခိုက်မှုသည် ယခုလအတွင်း ရွှေကူရဲစခန်းအား သုံးကြိမ်မြောက်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁ရက်နှင့် ၂ရက်ကလည်း လာရောက်တိုက်ခိုက်မှုများ ရှိခဲ့သော်လည်း ယမန်နေ့ညပိုင်းလောက် တိုက်ပွဲပြင်းထန်မှုမရှိကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ပူးပေါင်း တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကရင်သတင်းရင်းမြစ်အချို့က လူမှုကွန်ရက်၌ ရေးသားထားသော်လည်း သီးခြားအတည်ပြုချက်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။