လက်နက်အင်အားမမျှ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်လူငယ် ၁၆ဦးကျဆုံးခဲ့ရသည့် ကိုးတောင်ဘို့ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီက ဒရုန်းများဖြင့် ထောက်လှမ်းခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်လူငယ်များက လက်လုပ် တူမိးသေနတ်ဖြင့်သာ ခုခံတိုက်ခိုက်ခဲ့ရသည်ဟု ကိုးတောင်ဘို့ ပြည်သူကာကွယ်ရေးအဖွဲ့ကထုတ်ပြန်သည်။
ကန့်ဘလူမြို့ နယ် ၊ ကိုးတောင်ဘို့ကျေးရွာတွင် ဖေဖော်ဝါရီ ၄ ရက်က ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်လူငယ် ၁၆ဦးကျဆုံးခဲ့ရသည်။ လက်နက်အင်အားမမျှ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်လူငယ်များ ကျဆုံးခဲ့ရခြင်းဖြစ်ပြီး လက်နက်အမြန်ဆုံးတပ်ဆင်ပေးရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တောင်းဆိုခဲ့သည်။
” ကြိုတင်တိမ်းရှောင်နိုင်ခြင်းမရှိဘဲ လက်ဝယ်ရှိ လက်လုပ်တူမီးသေနပ်များဖြင့်ခုခံတိုက်ခိုက်ရင်း တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။စစ်ခွေးများသည် ရွာထိပ်အထပ်မြင့်အဆောက်အအုံနှစ်ခုပေါ်တွင်လက်နက်ကြီးများဆင်၍တရစပ်ပစ်ခတ်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကျဆုံးခဲ့ရပါသည်။တိုက်ပွဲမှာ(၂)နာရီကျော်သည်ထိကြာမြင့်ခဲ့ပါသည်။လက်နက်အင်အားအလွန်အကျွံဖြင့်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးရဲဘော်(၁၆)ယောက အသက်ပေးခဲ့ရသည်” ဟု Kotaungbo Revolution – KR-Team က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ရွာတွင် တပ်စွဲထားပြီး ဒေသခံများသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် ဘေးလွတ်ရာတွင် တိမ်းရှောင်နေရသည်။ ရွာအတွင်း ဒေသခံများမရှိချိန်တွင် နေအိမ်ဖောက်ထွင်းခံရမှုများ ရှိနေသည်ဟုလည်းသိ့ရသည်။ ခိုးဆိုးလုနိုက်မှုများကို ကာကွယ်သွားမည်ဟုလည်း ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ Kotaungbo Local Defence Force က ထုတ်ပြန်ထားသည်။

Public Service Announcement


















































