Connect with us

Hi, what are you looking for?

News

ကိုး​တောင်ဘို့တိုက်ပွဲတွင်စစ်ကောင်စီကဒရုန်းဖြင့်ထောက်လှမ်းပြီးလက်နက်အင်အားအပြည့်အစုံဖြင့်တိုက်ခိုက်မှုကို PDFများကတူမီးဖြင့်ခုခံခဲ့ရပြီးဆုံးရှုံးမှုများခဲ့ခြင်းဖြစ်

လက်နက်အင်အားမမျှ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်လူငယ်များ ကျဆုံးခဲ့ရခြင်းဖြစ်ပြီး လက်နက်အမြန်ဆုံးတပ်ဆင်ပေးရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တောင်းဆိုခဲ့သည်။

လက်နက်အင်အားမမျှ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်လူငယ် ၁၆ဦးကျဆုံးခဲ့ရသည့် ကိုးတောင်ဘို့ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီက ဒရုန်းများဖြင့် ထောက်လှမ်းခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်လူငယ်များက လက်လုပ် တူမိးသေနတ်ဖြင့်သာ ခုခံတိုက်ခိုက်ခဲ့ရသည်ဟု ကိုး​တောင်ဘို့ ပြည်သူကာကွယ်​ရေးအဖွဲ့ကထုတ်ပြန်သည်။

ကန့်ဘလူမြို့ နယ် ၊ ကိုးတောင်ဘို့ကျေးရွာတွင် ဖေဖော်ဝါရီ ၄ ရက်က ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်လူငယ် ၁၆ဦးကျဆုံးခဲ့ရသည်။ လက်နက်အင်အားမမျှ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်လူငယ်များ ကျဆုံးခဲ့ရခြင်းဖြစ်ပြီး လက်နက်အမြန်ဆုံးတပ်ဆင်ပေးရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တောင်းဆိုခဲ့သည်။

” ကြိုတင်တိမ်းရှောင်နိုင်ခြင်းမရှိဘဲ လက်ဝယ်ရှိ လက်လုပ်တူမီးသေနပ်များဖြင့်ခုခံတိုက်ခိုက်ရင်း တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။စစ်ခွေးများသည် ရွာထိပ်အထပ်မြင့်အဆောက်အအုံနှစ်ခုပေါ်တွင်လက်နက်ကြီးများဆင်၍တရစပ်ပစ်ခတ်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကျဆုံးခဲ့ရပါသည်။တိုက်ပွဲမှာ(၂)နာရီကျော်သည်ထိကြာမြင့်ခဲ့ပါသည်။လက်နက်အင်အားအလွန်အကျွံဖြင့်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးရဲဘော်(၁၆)ယောက အသက်ပေးခဲ့ရသည်” ဟု Kotaungbo Revolution – KR-Team က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ရွာတွင် တပ်စွဲထားပြီး ဒေသခံများသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် ဘေးလွတ်ရာတွင် တိမ်းရှောင်နေရသည်။ ရွာအတွင်း ဒေသခံများမရှိချိန်တွင် နေအိမ်ဖောက်ထွင်းခံရမှုများ ရှိနေသည်ဟုလည်းသိ့ရသည်။ ခိုးဆိုးလုနိုက်မှုများကို ကာကွယ်သွားမည်ဟုလည်း ကိုး​တောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ Kotaungbo Local Defence Force က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။