Connect with us

Hi, what are you looking for?

News

ပဲခူးတိုင်းတွင် ပျူ​စောထီးစခန်းတိုက်ခိုက်ခံရပြီး ပျူ​ခေါင်း​ဆောင်သုံးဦးအပါအဝင် ငါးဦး​သေဆုံး

တိုက်ပွဲဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၈ရက် ညပိုင်းကဖြစ်ပြီး ကြို့ပင်ကောက်နှင့် အုတ်ဖို့မြို့နယ်အစပ်ရှိ မြေပြာရွာပျူစခန်းကိုဝင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

People's Spring
People's Spring

ပဲခူးတိုင်း ကြို့ပင်ကောက်နှင့် အုတ်ဖို့ မြို့နယ်အစပ်ရှိ ပျူစောထီးစခန်းကို ဝင်တိုက်ရာပျူစောထီးခေါင်းဆောင်သုံးဦးအပါအဝင် ငါးဦးသေဆုံးကြောင်း ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၉)တွင် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၈ရက် ညပိုင်းကဖြစ်ပြီး ကြို့ပင်ကောက်နှင့် အုတ်ဖို့မြို့နယ်အစပ်ရှိ မြေပြာရွာပျူစခန်းကိုဝင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“မနေ့က ည ၉ ခွဲလောက်က ဝင်တိုက်တာ။သူတို့ဘက်က အင်အား ၃၀ ကျော်လောက်ရှိတယ်ဗျ”ဟု ကြို့ပင်ကောက် PDF မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

တိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင်များဖြစ်သည့် နိုဝင်း၊စန်းငွေ၊ကျော်ဦး နှင့် အပေါင်းအပါ ပျူစောထီး ဒလန်နှစ်ဦး စုစုပေါင်းဦးသေဆုံးပြီး ပြည်သူ့ကာကွယ် ရေးရဲဘော်များအထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလားတူ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကျော်ဆွေသည် ၎င်းပိုင်ဆိုင်သော ပဲစင်းငုံနှင့် ပြည်သူများထံမှ သိမ်းယူထားသည့် ပဲစင်းငုံများကို မန္တလေးသို့ ရောင်းချရန်ထွက်လာစဥ် တူမီးညီနောင်နှင့် မဟာမိတ်နှစ်ဖွဲ့ပေါင်း၍ စစ်ဆေးစဥ် တွေ့ရှိခဲ့သဖြင့် ပြည်သူပိုင်းသိမ်းဆည်းလိုက်သည်ဟု ( ၅)မြို့နယ် မဟာမိတ်တပ်ပေါင်းစု က အသိပေးသည်။

သလဲဘာ၊ငွေတွင်း၊စပါးတွင်း၊ဆိပ်ဖူးကြီးနှင့် ဆင်တလည် ကျေးရွာများရှိ ပျူစောထီးများ သည် ပြည်သူ့ရင်ခွင်ထံအမြန်ဆုံး ခိုလှုံရန်လည်း တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။