ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF)၏ အခြေစိုက်စခန်း တစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းခဲ့၍ ကျပ်သိန်း ၂၃၀ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း ယင်းအဖွဲ့က အသိပေးထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ် ၂နာရီခန့်က ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်များက SSTF ၏ စခန်းကိုတွေ့သွားပြီး ဝင်ရောက်မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်များက စခန်းရှိ ဆိုင်ကယ်လေးစီးနှင့် မီးစက်၊ ဒိုင်နမို၊ ဝရိန်ပုံး၊ ကျောက်စက် အပါအဝင် ရိက္ခာများအား မီးရှို့ဖျက်ဆီးခဲ့ရာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၃၀ခန့် ဆုံးရှုံးခဲ့သည်ဟု SSTF က ဖော်ပြသည်။
ထို့အပြင် စခန်းနှင့် ခပ်လှမ်းလှမ်းတွင်တည်ရှိသော ပြည်သူပိုင် အဆောက် အအုံနှစ်လုံးနှင့် ကောက်ပဲသီးနှံများကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။

Public Service Announcement

“မိမိတို့တပ်ဖွဲ့အနေဖြင့် အကူညီလိုအပ်နေပါတယ်ခင်ဗျာ။ မိဘပြည်သူများထံမှ တတ်အားသမျှ ထောက်ပံ့မှုကို ကျနော်တို့မှအားနာစွာဖြင့်ပဲတောင်းခံလိုက် ရပါတယ်ခင်ဗျာ”ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကူအညီတောင်းခံထားသည်။


















































