Connect with us

Hi, what are you looking for?

News

ဆားလင်းကြီး PDFစခန်းဝင်စီးခံရ၍ ကျပ်သိန်း ၂၀၀ကျော်ဆုံးရှုံး၊ အကူအညီများ လိုအပ်နေ

စစ်ကောင်စီတပ်များက စခန်းရှိ ဆိုင်ကယ်လေးစီးနှင့် မီးစက်၊ ဒိုင်နမို၊ ဝရိန်ပုံး၊ ကျောက်စက် အပါအဝင် ရိက္ခာများအား မီးရှို့ဖျက်ဆီးခဲ့ရာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၃၀ခန့် ဆုံးရှုံးခဲ့သည်ဟု SSTF က ဖော်ပြသည်။

ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SSTF)၏ အခြေစိုက်စခန်း တစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းခဲ့၍ ကျပ်သိန်း ၂၃၀ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း ယင်းအဖွဲ့က အသိပေးထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ် ၂နာရီခန့်က ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်များက SSTF ၏ စခန်းကိုတွေ့သွားပြီး ဝင်ရောက်မီးရှို့ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်များက စခန်းရှိ ဆိုင်ကယ်လေးစီးနှင့် မီးစက်၊ ဒိုင်နမို၊ ဝရိန်ပုံး၊ ကျောက်စက် အပါအဝင် ရိက္ခာများအား မီးရှို့ဖျက်ဆီးခဲ့ရာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၃၀ခန့် ဆုံးရှုံးခဲ့သည်ဟု SSTF က ဖော်ပြသည်။

ထို့အပြင် စခန်းနှင့် ခပ်လှမ်းလှမ်းတွင်တည်ရှိသော ပြည်သူပိုင် အဆောက် အအုံနှစ်လုံးနှင့် ကောက်ပဲသီးနှံများကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်းလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။

Public Service Announcement

Public Service Announcement

“မိမိတို့တပ်ဖွဲ့အ​နေဖြင့် အကူညီလိုအပ်​နေပါတယ်ခင်ဗျာ။ မိဘပြည်သူများထံမှ တတ်အားသမျှ ​ထောက်ပံ့မှုကို ကျ​​​နော်တို့မှအားနာစွာဖြင့်ပဲ​တောင်းခံလိုက် ရပါတယ်ခင်ဗျာ”ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကူအညီတောင်းခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook