Connect with us

Hi, what are you looking for?

LuduNwayOo

News

မြစ်ကြီးနားတွင် စုံတွဲ ၂၈တွဲ စုပေါင်းထိန်းမြားမင်္ဂလာပြုလုပ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စုံတွဲ ၂၈တွဲ စုပေါင်း၍ ထိန်းမြားမင်္ဂလာပြုလုပ်သည့် အခမ်း အနား ယနေ့(ဖေဖော်ဝါရီ ၁၄ရက်)၌ ပြုလုပ်ခဲ့သည်ဟု ကချင်ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ - RVA Kachin/FB

“အဲဒါ ကျွန်တော်လည်း တွေ့လိုက်တယ်။ ၂၈တွဲလို့ပြောတယ်။ အဲဒါက ကျွန်တော်တို့ သိရတာက အကြောင်းအမျိုးမျိုးနဲ့ အိမ်ထောင်စပြုတဲ့အခါမှာ သူ့ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ထိန်းမြားမင်္ဂလာ ဆိုတာ ရိုးရာမှာလည်းရှိတယ်။ အဲဒါမျိုး မလုပ်နိုင်ခဲ့တဲ့အခါကျတော့ သားသမီးတွေလည်းရပြီ ဘာသာရေးအရ အဲဒီလိုမျိုးဆက်နေလို့လည်းမကောင်းဘူး အဲဒီအခါကျတော့ ဘာသာရေးဘက်က အဲဒီလိုမျိုး အိမ်ထောင်တွေကို အားလုံးစုပြီးတော့မှ လုပ်ပေးတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

ငွေကြေးအခက်အခဲအရဖြစ်စေ၊ လူမှုရေးကိစ္စအပါ အဝင် အခြေအနေအကြောင်းအမျိုးမျိုးကြောင့်ဘာသာရေးအရ၊ ရိုးရာအရ ထိန်းမြားမင်္ဂလာ မပြု လုပ်ရသေးသည့် စုံတွဲများကို ရပ်ကွက်သို့မဟုတ် သာသနာပိုင်နယ်မြေ၌ရှိသည့် အခြေအနေအပေါ်မူတည်၍ ယခုကဲ့သို့ စုပေါင်းထိန်းမြားမင်္ဂလာကို နှစ်တိုင်းလုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ ၂၁ရက်တွင် ဝိုင်းမော်နှင့်မြစ်ကြီးနား မန်ခရိန်ရပ်ကွက်များ၌ ရွှေမင်း လီဆူပြည်သူ့စစ်များက စစ်သားစုဆောင်းမှု အတင်းအဓမ္မပြုလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

သတင်း

KIA အနေဖြင့် ယမန်နေ့ကလည်း ရှမ်းမြောက် နမ္မတူမြို့နယ် ရှိ စစ်ကောင်စီ၏ အထိုင်စခန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ် အထိနာခဲ့ပြီး လက်နက်ခဲယမ်းများစွာ ရရှိထားသည်ဟု ကချင်သတင်းရင်းမြစ် အချိုက အသိပေးထားသည်။

သတင်း

စက်တင်ဘာ ၂၉ရက် မွန်းလွဲ ၃နာရီခန့်မှစ၍ မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်း မဒီယန်နှင့် အောင်ဂျာဒေသ၌ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့သည်ဟု ဆိုသည်။

သတင်း

ဝိုင်းမော်မြို့နယ် ကဇူးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ဩဂုတ် ၅ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံး အခြေအနေကို မသိရသေးဟုဆိုသည်။