Connect with us

Hi, what are you looking for?

News

မြစ်ကြီးနားတွင် စုံတွဲ ၂၈တွဲ စုပေါင်းထိန်းမြားမင်္ဂလာပြုလုပ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စုံတွဲ ၂၈တွဲ စုပေါင်း၍ ထိန်းမြားမင်္ဂလာပြုလုပ်သည့် အခမ်း အနား ယနေ့(ဖေဖော်ဝါရီ ၁၄ရက်)၌ ပြုလုပ်ခဲ့သည်ဟု ကချင်ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ - RVA Kachin/FB

“အဲဒါ ကျွန်တော်လည်း တွေ့လိုက်တယ်။ ၂၈တွဲလို့ပြောတယ်။ အဲဒါက ကျွန်တော်တို့ သိရတာက အကြောင်းအမျိုးမျိုးနဲ့ အိမ်ထောင်စပြုတဲ့အခါမှာ သူ့ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ထိန်းမြားမင်္ဂလာ ဆိုတာ ရိုးရာမှာလည်းရှိတယ်။ အဲဒါမျိုး မလုပ်နိုင်ခဲ့တဲ့အခါကျတော့ သားသမီးတွေလည်းရပြီ ဘာသာရေးအရ အဲဒီလိုမျိုးဆက်နေလို့လည်းမကောင်းဘူး အဲဒီအခါကျတော့ ဘာသာရေးဘက်က အဲဒီလိုမျိုး အိမ်ထောင်တွေကို အားလုံးစုပြီးတော့မှ လုပ်ပေးတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

ငွေကြေးအခက်အခဲအရဖြစ်စေ၊ လူမှုရေးကိစ္စအပါ အဝင် အခြေအနေအကြောင်းအမျိုးမျိုးကြောင့်ဘာသာရေးအရ၊ ရိုးရာအရ ထိန်းမြားမင်္ဂလာ မပြု လုပ်ရသေးသည့် စုံတွဲများကို ရပ်ကွက်သို့မဟုတ် သာသနာပိုင်နယ်မြေ၌ရှိသည့် အခြေအနေအပေါ်မူတည်၍ ယခုကဲ့သို့ စုပေါင်းထိန်းမြားမင်္ဂလာကို နှစ်တိုင်းလုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကို အာဏာသိမ်းစစ်တပ်က ယာဉ်အစီးရေ ၂၀၀ ခန့်နဲ့ အင်အားဖြည့်တင်းလာလို့ ခုခံတိုက်ပွဲတွေရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီကနေ့ ဇွန် ၁ရက် မနက်မှာ ပြောပါတယ်။