Connect with us

Hi, what are you looking for?

LuduNwayOo

News

မြစ်ကြီးနားတွင် စုံတွဲ ၂၈တွဲ စုပေါင်းထိန်းမြားမင်္ဂလာပြုလုပ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် စုံတွဲ ၂၈တွဲ စုပေါင်း၍ ထိန်းမြားမင်္ဂလာပြုလုပ်သည့် အခမ်း အနား ယနေ့(ဖေဖော်ဝါရီ ၁၄ရက်)၌ ပြုလုပ်ခဲ့သည်ဟု ကချင်ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ - RVA Kachin/FB

“အဲဒါ ကျွန်တော်လည်း တွေ့လိုက်တယ်။ ၂၈တွဲလို့ပြောတယ်။ အဲဒါက ကျွန်တော်တို့ သိရတာက အကြောင်းအမျိုးမျိုးနဲ့ အိမ်ထောင်စပြုတဲ့အခါမှာ သူ့ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ထိန်းမြားမင်္ဂလာ ဆိုတာ ရိုးရာမှာလည်းရှိတယ်။ အဲဒါမျိုး မလုပ်နိုင်ခဲ့တဲ့အခါကျတော့ သားသမီးတွေလည်းရပြီ ဘာသာရေးအရ အဲဒီလိုမျိုးဆက်နေလို့လည်းမကောင်းဘူး အဲဒီအခါကျတော့ ဘာသာရေးဘက်က အဲဒီလိုမျိုး အိမ်ထောင်တွေကို အားလုံးစုပြီးတော့မှ လုပ်ပေးတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

ငွေကြေးအခက်အခဲအရဖြစ်စေ၊ လူမှုရေးကိစ္စအပါ အဝင် အခြေအနေအကြောင်းအမျိုးမျိုးကြောင့်ဘာသာရေးအရ၊ ရိုးရာအရ ထိန်းမြားမင်္ဂလာ မပြု လုပ်ရသေးသည့် စုံတွဲများကို ရပ်ကွက်သို့မဟုတ် သာသနာပိုင်နယ်မြေ၌ရှိသည့် အခြေအနေအပေါ်မူတည်၍ ယခုကဲ့သို့ စုပေါင်းထိန်းမြားမင်္ဂလာကို နှစ်တိုင်းလုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement