ဩဂုတ်−၃၁၊၂၀၂၆၊ကတ်သရင်း/People’s Spring
စစ်ကိုင်း- ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။
ကောလင်းနဲ့ ရွှေဘိုမြို့နယ်ကြားမှာ စစ်တပ်က စစ်ဆေးရေး ၇ဂိတ်ဆက်တိုက်ရှိတဲ့ ပေကြီးလမ်းပိုင်းမှာ ကားပေါ်ပါလာတဲ့ ခရီးသည်လူငယ်အမျိုးသား ၊အမျိုးသမီးတွေကို ပေါ်တာဆွဲနေတာလို့ ကား မောင်းတွေက ပြောပါတယ်။
“ပေကြီးလမ်းကအရင်က ကွင်းရတာ။ကောလင်းမြို့နယ်အ ရှေ့ခြမ်းပေါ့။အခုက ကျောက်တန်းကွင်းပြီး ပေကြီးလမ်းဒဲ့ဖြတ်ရတာ။ဒီလမ်းကအခုတလောပေါ်တာ အရမ်းဆွဲတယ်။တချို့ကားတွေဆို မိန်းကလေးတွေပါဆွဲတာ”လို့ ကား မောင်းသူတဦးက ပြောပါတယ်။

Public Service Announcement
အခုရက်ပိုင်းအတွင်း မြစ်ကြီးနားကနေ မန္တလေးမြို့ပြန်လာသူ အမျိုးသမီးတစ်ဦးကလည်း “ပေကြီးလမ်းကိုရောက်ရင် ထိပ်မှာက PDF ဂိတ်ရှိတယ်။အဲဒီဂိတ်က ပြောတယ်။ရှေ့မှာ ပေါ်တာ တွေဆွဲနေတယ်လို့။တကယ်အဲဒီဂိတ်တွေ ရောက်တော့အကြာကြီး စစ်တာ။ပြန်မလွှတ်ဘူး။ပြီးတော့မှာ မျက်မှန်ပါဝါတွေမေးပြီးလွှတ်ပေးလိုက်တာ”လို့ ဆိုပါတယ်။
အလားတူ စစ်ကိုင်းနဲ့ မန္တလေးမြို့တို့မှာလည်း စစ်တပ်က စစ်မှုထမ်းဖို့ ပေါ်တာတွေဆွဲနေပြီး မန္တလေးမြို့မှာ နေ့ခင်းကြောင်တောင် ပေါ်တာလိုက်ဆွဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။


















































