Connect with us

Hi, what are you looking for?

LuduNwayOo

News

ကချင်နှင့် ရှမ်းမြောက်တွင် KIAနှင့်စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုရှိ

အင်အား ၁၂ဦးခန့်ပါသည့် စစ်ကောင်စီတပ်၏ ခလရ (၁၃၈) တပ်ကခြေလျင်ဖြင့် ဆွမ်ပရာဘွမ်သို့ စားနပ်ရိက္ခာ လာယူချိန် KIAနှင့်တွေ့ဆုံကာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အကျအဆုံးရှိခဲ့သည်ဟု ဖော်ပြ သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။

KIA တပ်မဟာ(၁) တပ်ရင်း(၁၀)နယ်မြေ မလိယန်တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် KIA တို့ ဖေဖော်ဝါရီ ၁၅ရက် နံနက်၁၁နာရီခန့်တွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အင်အား ၁၂ဦးခန့်ပါသည့် စစ်ကောင်စီတပ်၏ ခလရ (၁၃၈) တပ်ကခြေလျင်ဖြင့် ဆွမ်ပရာဘွမ်သို့ စားနပ်ရိက္ခာ လာယူချိန် KIAနှင့်တွေ့ဆုံကာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အကျအဆုံးရှိခဲ့သည်ဟု ဖော်ပြ သည်။

ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသရှိ KIA တပ်မဟာ(၆)၊ တပ်ရင်း (၃၆)နယ်မြေတွင်လည်း ဖေဖော်ဝါရီ ၁၅ရက် နေ့လည် ၁နာရီကျော်အချိန်က KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆို သည်။

Public Service Announcement

Public Service Announcement

အင်အား ၁၅၀ခန့် ရှိသည့် စစ်ကောင်စီတပ်က KIA နယ်မြေအတွင်း စစ်ရေးလှုပ်ရှားလာ၍ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာအနီးဝန်ကျင်သို့ မုန်းကိုးဗျူးဟာကုန်းရှိ စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

KIAအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့်အတူ ပူးပေါင်းပြီး ယခုလဆန်းပိုင်းက ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။