Connect with us

Hi, what are you looking for?

News

ကချင်နှင့် ရှမ်းမြောက်တွင် KIAနှင့်စစ်ကောင်စီ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုရှိ

အင်အား ၁၂ဦးခန့်ပါသည့် စစ်ကောင်စီတပ်၏ ခလရ (၁၃၈) တပ်ကခြေလျင်ဖြင့် ဆွမ်ပရာဘွမ်သို့ စားနပ်ရိက္ခာ လာယူချိန် KIAနှင့်တွေ့ဆုံကာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အကျအဆုံးရှိခဲ့သည်ဟု ဖော်ပြ သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။

KIA တပ်မဟာ(၁) တပ်ရင်း(၁၀)နယ်မြေ မလိယန်တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် KIA တို့ ဖေဖော်ဝါရီ ၁၅ရက် နံနက်၁၁နာရီခန့်တွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အင်အား ၁၂ဦးခန့်ပါသည့် စစ်ကောင်စီတပ်၏ ခလရ (၁၃၈) တပ်ကခြေလျင်ဖြင့် ဆွမ်ပရာဘွမ်သို့ စားနပ်ရိက္ခာ လာယူချိန် KIAနှင့်တွေ့ဆုံကာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အကျအဆုံးရှိခဲ့သည်ဟု ဖော်ပြ သည်။

ထို့ပြင် ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသရှိ KIA တပ်မဟာ(၆)၊ တပ်ရင်း (၃၆)နယ်မြေတွင်လည်း ဖေဖော်ဝါရီ ၁၅ရက် နေ့လည် ၁နာရီကျော်အချိန်က KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆို သည်။

Public Service Announcement

Public Service Announcement

အင်အား ၁၅၀ခန့် ရှိသည့် စစ်ကောင်စီတပ်က KIA နယ်မြေအတွင်း စစ်ရေးလှုပ်ရှားလာ၍ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားရာအနီးဝန်ကျင်သို့ မုန်းကိုးဗျူးဟာကုန်းရှိ စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

KIAအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့်အတူ ပူးပေါင်းပြီး ယခုလဆန်းပိုင်းက ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။