Connect with us

Hi, what are you looking for?

News

ဖာပွန်ကတိုက်ပွဲတွေမှာ နှစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၆၀ ကျော်သေဆုံးခဲ့တယ်လို့ ဆို

စစ်ကောင်စီဘက်က သေဆုံးသွားသူတွေထဲမှာ တပ်ခွဲမှူးနှစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦး၊ ဆေးတပ်သားတစ်ဦးပါဝင်ခဲ့ပြီး စစ်ကောင်စီရဲ့ စစ်ကားသုံးစီးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတို့အကြား နှစ်ပတ်အတွင်းတိုက်ပွဲ ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၆၀ ကျော် သေဆုံးသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်ကနေ ၁၅ ရက်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့ ဖာပွန်ခရိုင်ထဲမှာ တိုက်ပွဲပေါင်း (၁၅၆) ကြိမ်ဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၆၁) ဦးသေဆုံးခဲ့ကာ (၅၆)ဦး ဒဏ်ရာရရှိသွားခဲ့တာပါ။

စစ်ကောင်စီဘက်က သေဆုံးသွားသူတွေထဲမှာ တပ်ခွဲမှူးနှစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦး၊ ဆေးတပ်သားတစ်ဦးပါဝင်ခဲ့ပြီး စစ်ကောင်စီရဲ့ စစ်ကားသုံးစီးလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဘက်ကတော့ စစ်သည်သုံးဦးကျဆုံးခဲ့ပြီး (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ သုံးဦး သေဆုံးသွားခဲ့ပြီး (၁၃) ဦး ဒဏ်ရာရရှိသွားခဲ့သေးတာဖြစ်ပါတယ်။

ဖာပွန်ခရိုင်ထဲမှာ နှစ်ပတ်တာအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအလုံးပေါင်း (၁၇၃) လုံးပစ်ခတ်ခဲ့ပြီး စစ်ကောင်စီရဲ့တိုက်လေယာဉ်ကနေ ဗုံးခုနှစ်လုံး လာရောက်ကြဲချသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်ရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။