Connect with us

Hi, what are you looking for?

News

ဖလူးဒေသ လက်နက်ကြီးစခန်းတိုက်ခိုက်သိမ်းပိုက်မှု ရခိုင်တပ် ANC/AA ပါဝင်

စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး လေယာဉ် ၂စီးဖြင့် ပစ်ကူပေးခဲ့ကြောင်း၊မြဝတီ BGFမှလည်း စစ်ကား (၁၂)စီးဖြင့် အင်အားဖြည့်တင်းလာကြောင်း၊ ထို့ကြောင့် စနစ်တကျ ခွာစစ်ဆင်၍ တိုက်ပွဲနေရာမှာ အောင်မြင်စွာဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ

ကရင်ပြည်နယ် မြ၀တီမြို့နယ် ဖလူးကြီးကျေးရွာအနီး ဘုရားကုန်းရှိ ယာယီလက်နက်ကြီးပစ်ကူစခန်းအား ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ရာတွင် မဟာ မိတ်တပ်များနှင့် ပူးတွဲပြီးပါဝင်ခဲ့ကြောင်း ရခိုင်ပြည်တပ်မတော် (ANC/AA)က သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်(BGF)တပ်များစခန်းချထားသော အဆိုပါ ယာယီလက်နက်ကြီး ပစ်ကူစခန်းအား ရခိုင်ပြည်တပ်မတော် (ANC/AA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်ရင်း (၂၇) တပ်ခွဲ (၂) နှင့် PDFတပ်ဖွဲ့များ ပူးပေါင်း၍ သိမ်းပိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး လေယာဉ် ၂စီးဖြင့် ပစ်ကူပေးခဲ့ကြောင်း၊မြဝတီ BGFမှလည်း စစ်ကား (၁၂)စီးဖြင့် အင်အားဖြည့်တင်းလာကြောင်း၊ ထို့ကြောင့် စနစ်တကျ ခွာစစ်ဆင်၍ တိုက်ပွဲနေရာမှာ အောင်မြင်စွာဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၂၀ (မမ)စိန်ပြောင်း တစ်လက်၊ ၆၀ (မမ) စိန်ပြောင်း (၁) လက်၊ RPG (၂) လက်၊ စက်လတ် (၁) လက်၊ လက်နက်ငယ် (၁) လက်၊ ဆက်သွယ်ရေးစက် (၁) လုံးအပါအဝင် ကျောပိုးအိတ်အလုံး (၂၀) ခန့်နှင့် အရာရှိအသုံးပြုသည့် ဖုန်းများအား သိမ်းဆည်းရမိပြီး ထိခိုက်ကျဆုံးသည့် စစ်ကောင်စီတပ်သားအများအပြားရှိသည်ဟု မျက်မြင်ဒေသခံများကို ကိုးကား၍ ANC/AAက ဖော်ပြခဲ့သည်။

ဖလူးကျေးရွာနှင့် လေးကေ့ကော်မြို့နယ်အနီးတဝိုက်တွင် ဖေဖော်ဝါရီ၁၄ ရက်မှစတင်၍ တိုက်ပွဲများကြိုကြား၊ကြိုကြားဖြစ်ပွားခဲ့ပြီး အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်များအား မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ ပြောက်ကျားနည်းဗျူဟာဖြင့် ဝိုင်းရံပိတ်ဆို့ပြီး အမှည့်ခြွေ့ချေမှုန်းလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ANC တပ်များသည် KNU တပ်မဟာ (၅)နယ်​​မြေတွင်လည်း တပ်နှင့်ပူးပေါင်းပြီး စစ်ကောင်စီကိုတိုက်ခိုက်ခဲ့သည်။

ANC/AAသည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)အဖွဲ့ဝင် ဖြစ်သည်။ ANCအပြင် ALP နှင့် ULA/AA အမည်ရှိ ရခိုင်လက်နက်ကိုင်တပ်များလည်း ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။