Connect with us

Hi, what are you looking for?

News

မိုးဗြဲတိုက်ပွဲ စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်းသေဆုံး၊ မိုးဗြဲPDFမှ ကယ်ဆယ်​ရေးဆရာဝန်တစ်ဦးနှင့်ရဲဘော် ၇ဦးကျဆုံးပြီး ၆ဦးဒဏ်ရာရဟု ထုတ်ပြန်

အကြမ်းဖက်စစ်တပ် ရမ်းသမ်းပစ်ခတ်ခဲ့သော လက်နက်ကြီးများကြောင့် ပြည်သူ့ အိုးအိမ် ပျက်စီး မှုများနှင့် မီးလောင်မှုများ ရှိခဲ့သည့်အပြင် အရပ်သား ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိခဲ့သည်ဟု ဆိုသည်။

ဖယ်ခုံမြို့နယ်မိုးဗြဲမြို့၌ ယမန်နေ့(​​ဖေ​ဖော်ဝါရီ ၁၇)ကဖြစ်ခဲ့သည့် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂၀ဦးထက် မနည်းသေဆုံးခဲ့ပြီး မိုးဗြဲ ပြည်သူ့ကာကွယ် ရေးတပ်(PDF)မှ ရဲဘော် ၇ဦးကျဆုံးကာ ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု မိုးဗြဲ PDFက ထုတ်ပြန်သည်။

ဖေဖော်ဝါရီ၁၇ရက် နံနက်ပိုင်းမှ စတင်ပြီး မိုးဗြဲမြို့ပေါ်၊ ဟိုက်ကွီဆည်နှင့် ဝါရီဆူးဖလိုင်ရွာနားတွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ပွဲတွင် မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊ JPDF ၊ GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အထိနာခဲ့သော အကြမ်းဖက်စစ်တပ်သည် နေ့လည် (၁)နာရီဝန်းကျင်တွင် သံချပ်ကာ အမြှောက်ကား(၂)စီး၊ အကြမ်းဖက်စစ်သား ၁၀၀ ဝန်းကျင် စစ်ကူခေါ်ခဲ့ပြီးနောက် ထပ်မံ အထိနာခဲ့ ကြောင်း၊ (၂၀)ဦးထက်မနည်းသေဆုံးခဲ့သော စကစဘက်မှ လက်နက်ကြီး အဆမတန်အသုံးပြုခဲ့သည့်အပြင် ညနေ ၅နာရီ ဝန်းကျင်၌ လေယာဉ်(၂) စီးဖြင့် (၇) ကြိမ်ခန့် ပစ်ခတ်ခဲ့ ရာ ပြည်သူ့ရဲဘော်များလည်း ထိခိုက်၊ ကျဆုံးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ် ရမ်းသမ်းပစ်ခတ်ခဲ့သော လက်နက်ကြီးများကြောင့် ပြည်သူ့ အိုးအိမ် ပျက်စီး မှုများနှင့် မီးလောင်မှုများ ရှိခဲ့သည့်အပြင် အရပ်သား ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့သည့် ပြည်သူ့ရဲဘော်များအနက် မိုးဗြဲ PDFမှ ရဲဘော် ၇ဦးကျဆုံးကာ ၆ဦး ဒဏ်ရာရခဲ့ကြောင်း၊ ရှေ့တန်းစစ်မြေပြင် ကယ်ဆယ်ရေး ဆရာဝန်တစ်ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါ ဆရာဝန်သည် ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF) အဖွဲ့ဝင် ဖြစ်သည်ဟု ဆိုသည်။

အခြား မဟာမိတ်တပ်ဖွဲ့အချို့မှ ပြည်သူ့ရဲဘော်များလည်း ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီးအကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးသွားသော ရဲဘော်များကို ပြည်သူ့အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင် ဦးညွှတ်ကြောင်း ထုတ်ပြန်သည်။

“အသင်တို့၏ အပြုံးမျက်နှာများနှင့် ရဲရင့်သောစကားသံများကို MB PDF ၏ နှလုံးသား၌ အစဉ်အမြဲ မှတ်ကျောက်တင်ပြီး စစ်အာဏာရှင် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားပါမည်” ဟုလည်း မိုးဗြဲ PDFက သစ္စာပြုသည်။

အဆိုပါ တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် လွိုင်ကော် PDFကလည်း စစ်ရေးသတင်းထုတ်ပြန်ရာမြေပြင်ရဲဘော်များ၏ အတည်ပြုချက်အရ စစ်ခွေးဦးရေ ကျဆုံးမှု အလွန်များပြား ကြောင်း၊အရေအတွက်ကို အတည်မပြုနိုင်သော်လည်း တင့်ကားနှင့် စစ်ကားများကို ချောင်ပိတ်ကာ မလှုပ်မယှက်နိုင်တော့သည်ထိ ပစ်ခတ်ခြေမှုန်းလက်ဦးမှု ရယူခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲ၌ လွိုင်ကော် PDFမှ ကျဆုံးမှု မရှိသော်လည်း မဟာမိတ်တပ်များမှ ရဲဘော်များ ကျဆုံးမှုရှိခဲ့ရာမိုးဗြဲတိုက်ပွဲအပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲများစွာတွင် ကျဆုံးသွားသော ပြည်သူ့ ရဲဘော် များကို လွိုင်ကော် PDF မှ ညိုးငယ်သောစိတ်ဖြင့် ဦးညွှတ်အလေးပြုကြောင်း ထုတ်ပြန်ကာစစ်အာဏာရှင်ကျဆုံးသည်ထိ ရေကုန်ရေခန်း တိုက်ပွဲဝင်သွားမည်ဟု သစ္စာပြုကြောင်းဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook