Connect with us

Hi, what are you looking for?

News

မိုးဗြဲနယ်တိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် သူရဲကောင်း ရဲဘော်မောင်စောမူဒေး ၏စျာပန အခမ်းအနား

DMO-PDF တပ်ဖွဲ့သည် ရဲဘော်၏ ကျန်ရစ်သောမိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲရပြီး ဖယ်ဒရယ်ဒီမိုကရေစီ သူရဲကောင်း ရဲဘော်မောင်စောမူဒေးကို အလေးနီပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ - DMO-PDF

ရှမ်း-ကယား (ကရင်နီ)ပြည်နယ်အစပ်၊ မိုးဗြဲမြို့နယ် ဝီသဲကူး(မြောက်ရွာ)တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ကို ခုခံစဥ်ကျဆုံးခဲ့သော အသက်(၁၈)နှစ်အရွယ် ရဲဘော် မောင်စောမူဒေး ၏စျာပန အခမ်းအနားကို ယနေ့(ဖေဖော်ဝါရီ ၁၉)ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)က ထုတ်ပြန်သည်။

ဓာတ်ပုံ – DMO-PDF

ဖေဖော်ဝါရီ ၁၈ ရက်က တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် ၏တိုက်လေယာဥ်နှင့်သံချပ်ကာ အမြှောက်ကားတို့ကြောင့် အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် (၁၁၀၂)တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်-ဒီး မော့ဆို (DMO -PDF) တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော ရဲဘော်မောင်စောမူဒေးသည် တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားခဲ့သည်။

ဓာတ်ပုံ – DMO-PDF

ဖယ်ဒရယ်ဒီမိုကရေစီသူရဲကောင်း ရဲဘော်မောင်စောမူဒေး၏ ဈာပန အခမ်းအနားကို ယနေ့(ဖေဖော်ဝါ၁၉) နေ့လယ်၁နာရီ အချိန်တွင်ပြုလုပ်ခဲ့ သည်ဟု DMO PDFက ဆိုသည်။

DMO-PDF တပ်ဖွဲ့သည် ရဲဘော်၏ ကျန်ရစ်သောမိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲရပြီး ဖယ်ဒရယ်ဒီမိုကရေစီ သူရဲကောင်း ရဲဘော်မောင်စောမူဒေးကို အလေးနီပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က ဝီသဲကူး(မြောက်ရွာ) တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိအရာခံအပါအဝင် ၂၅ဦး ထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု DMO -PDFက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၅ ရက်ကစ၍ မိုးဗြဲမြို့နှင့်အနီးတဝိုက်သို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်း မဟာမိတ်တပ်များက ခုခံတိုက်ခိုက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၆ရက်ကစ၍ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော