Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးဗြဲနယ်တိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် သူရဲကောင်း ရဲဘော်မောင်စောမူဒေး ၏စျာပန အခမ်းအနား

DMO-PDF တပ်ဖွဲ့သည် ရဲဘော်၏ ကျန်ရစ်သောမိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲရပြီး ဖယ်ဒရယ်ဒီမိုကရေစီ သူရဲကောင်း ရဲဘော်မောင်စောမူဒေးကို အလေးနီပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဓာတ်ပုံ - DMO-PDF

ရှမ်း-ကယား (ကရင်နီ)ပြည်နယ်အစပ်၊ မိုးဗြဲမြို့နယ် ဝီသဲကူး(မြောက်ရွာ)တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ကို ခုခံစဥ်ကျဆုံးခဲ့သော အသက်(၁၈)နှစ်အရွယ် ရဲဘော် မောင်စောမူဒေး ၏စျာပန အခမ်းအနားကို ယနေ့(ဖေဖော်ဝါရီ ၁၉)ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)က ထုတ်ပြန်သည်။

ဓာတ်ပုံ – DMO-PDF

ဖေဖော်ဝါရီ ၁၈ ရက်က တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် ၏တိုက်လေယာဥ်နှင့်သံချပ်ကာ အမြှောက်ကားတို့ကြောင့် အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချူပ် (၁၁၀၂)တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်-ဒီး မော့ဆို (DMO -PDF) တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော ရဲဘော်မောင်စောမူဒေးသည် တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားခဲ့သည်။

ဓာတ်ပုံ – DMO-PDF

ဖယ်ဒရယ်ဒီမိုကရေစီသူရဲကောင်း ရဲဘော်မောင်စောမူဒေး၏ ဈာပန အခမ်းအနားကို ယနေ့(ဖေဖော်ဝါ၁၉) နေ့လယ်၁နာရီ အချိန်တွင်ပြုလုပ်ခဲ့ သည်ဟု DMO PDFက ဆိုသည်။

DMO-PDF တပ်ဖွဲ့သည် ရဲဘော်၏ ကျန်ရစ်သောမိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲရပြီး ဖယ်ဒရယ်ဒီမိုကရေစီ သူရဲကောင်း ရဲဘော်မောင်စောမူဒေးကို အလေးနီပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က ဝီသဲကူး(မြောက်ရွာ) တိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိအရာခံအပါအဝင် ၂၅ဦး ထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု DMO -PDFက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၅ ရက်ကစ၍ မိုးဗြဲမြို့နှင့်အနီးတဝိုက်သို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်း မဟာမိတ်တပ်များက ခုခံတိုက်ခိုက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၆ရက်ကစ၍ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။