Connect with us

Hi, what are you looking for?

News

ကန်ပက်လက်မြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ် ၄ဦး​သေ

အကြမ်းဖက်စစ်ကောင်စီဘက်မှာ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ဒဏ်ရာရသူ အများအပြားရှိသည်ဟုလည်းထုတ်ပြန်ချက်တွင်​ ဖော်ပြထားသည်။

(CDF ကန်ပက်လက် တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ-CDF)

● မင်းတပ်နှင့် ကန်ပက်လက်တွင်တစ်ရက်တည်း စစ်​ကောင်စီတပ် ၇ဦး​သေ၊ CDF ထိခိုက်ကျဆုံးမှုမရှိ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ယနေ့(ဖေဖော်ဝါရီ ၁၉) ရက်တွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်CDF-ကန်ပက်လက်က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှာ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ဒဏ်ရာရသူ အများအပြားရှိသည်ဟုလည်းထုတ်ပြန်ချက်တွင်​ ဖော်ပြထားသည်။

လက်ရှိအချိန်တွင် တိုက်ပွဲပြင်းထန်နိုင်ချေရှိပြီး ပြည်တွင်း၊ ပြည်ပရှိ ကန်ပက်လက်ဒေသခံများအနေဖြင့် ငွေကြေးကူညီပံ့ပိုးရန်လည်း CDF( ကန်ပက်လက်)က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ကန်ပက်လက်မြို့နယ်အတွင်းသို့ တိုက်ပွဲများပြင်းထန်လာနိုင်ခြင်းကြောင့် ကန်ပက်လက်မြို့နယ်အတွင်းရှိ လောင်းရှည်-မဆာတွီ-ကျင်ဒွေး လမ်းမအသုံးပြု၍ သွားလာခြင်းမပြုရန်ရန် ကန်ပက်လက်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဖေဖော်ဝါရီ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။

ထိုအပြင် ​ယ​နေ့(ဖေ​ဖော်ဝါရီ ၁၉) တွင် စစ်​ကောင်စီတပ်နှင့် ချင်း​ဒေသကာကွယ်​ရေးတပ်-CDF(မင်းတပ်)တို့ နံနက် ၁၁ နာရီမှ ည​နေ ၃ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်​ကောင်စီတပ်သား ၃ဦး​သေပြီး ၂ ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့​ကြောင်း CDF(မင်းတပ်)ကလည်းထုတ်ပြန်သည်။

CDF(မင်းတပ်)ဘက်မှ ထိ့ခိုက်ကျဆုံးမှုမရှိခဲ့​ပေ။စစ်​ကောင်စီတပ်က မင်းတပ်မြို့နယ် လှိယောကျေးရွာနှင့်အွယ်ရေးကျေးရွာတို့တွင် ပြည်သူ ပိုင်ပစ္စည်းများဖျက်ဆီးနေ​ကြောင်းသိရပြီး အသေးစိတ်မသိရသေး​ကြောင်းလည်း ပါရှိသည်။

ပြည်သူများအနေဖြင့် နေအိမ်ခေတ္တပြန်ကာ ပစ္စည်း ပြန်ယူခြင်း၊ မိမိအိမ် အခြေနေ ပြန်သွားကြည့်ခြင်း (လုံးဝ) မပြုလုပ်ရန် အသိပေးအပ်သည်ဟု CDF(မင်းတပ်)၊တိုက်နယ်အမှတ်(၁)သတင်းမှန်ပြန်ကြားရေးက ယ​နေ့ညဦးပိုင်းတွင် ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook