Connect with us

Hi, what are you looking for?

News

ဝှါရီဆူးပလိုင်ရွာတိုက်ပွဲတွင် ကျဆုံးခဲ့သော (၁၇)နှစ်အရွယ် ရဲဘော် မောင်ဒေါမိနစ်၏ စျာပနအခမ်းအနား

ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ရှမ်း-ကယား (ကရင်နီ)ပြည်နယ်အစပ်၊ မိုးဗြဲမြို့ ဝီသဲကူး(မြောက်ရွာ)တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ခုခံစဥ် DMO-PDF မှ အသက် ၁၈ နှစ်အရွယ် ရဲဘော် မောင်စောမူဒေး ကျဆုံးခဲ့ရသည်။

ရှမ်း-ကယား(ကရင်နီ)နယ်စပ်ရှိ မိုးဗြဲမြို့နယ် ကို ယနေ့(ဖေဖော်ဝါ၂၀) နံနက် ၉နာရီ ခွဲတွင်ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF) က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ၁၉ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဥ်(၄)စီး နှင့် သံချပ်ကာ အမြှောက်ကား(၃)စီးဖြင့် ထိုးစစ်ဆင်ခဲ့သော ဝှါရီဆူးပလိုင်ကျေးရွာတိုက်ပွဲတွင် ရဲဘော် မောင်ဒေါမိနစ်မှာ ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားခဲ့သောဖယ်ဒရယ်ဒီမိုကရေစီ သူရဲကောင်း ရဲဘော် မောင်ဒေါမိနစ်ကို အလေးနီပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ရှမ်း-ကယား (ကရင်နီ)ပြည်နယ်အစပ်၊ မိုးဗြဲမြို့ ဝီသဲကူး(မြောက်ရွာ)တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ခုခံစဥ် DMO-PDF မှ အသက် ၁၈ နှစ်အရွယ် ရဲဘော် မောင်စောမူဒေး ကျဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(ဖေဖော်ဝါရီ ၁၉ ရက်)က ရှမ်း-ကယားနယ်စပ်တိုက်ပွဲများ၌ အကြမ်းဖက်စစ်​ကောင်စီတပ်မှ အရာရှိအရာခံအပါအဝင် ၄၀ဦးထက် မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO – Local PDF)က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၅ ရက်ကစ၍မိုးဗြဲမြို့နှင့်အနီးတဝိုက်သို့အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်း မဟာမိတ်တပ်များက ခုခံတိုက်ခိုက်လျက်ရှိရာ ဖေဖော် ဝါရီ ၁၆ရက်ကစ၍ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။