Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝှါရီဆူးပလိုင်ရွာတိုက်ပွဲတွင် ကျဆုံးခဲ့သော (၁၇)နှစ်အရွယ် ရဲဘော် မောင်ဒေါမိနစ်၏ စျာပနအခမ်းအနား

ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ရှမ်း-ကယား (ကရင်နီ)ပြည်နယ်အစပ်၊ မိုးဗြဲမြို့ ဝီသဲကူး(မြောက်ရွာ)တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ခုခံစဥ် DMO-PDF မှ အသက် ၁၈ နှစ်အရွယ် ရဲဘော် မောင်စောမူဒေး ကျဆုံးခဲ့ရသည်။

ရှမ်း-ကယား(ကရင်နီ)နယ်စပ်ရှိ မိုးဗြဲမြို့နယ် ကို ယနေ့(ဖေဖော်ဝါ၂၀) နံနက် ၉နာရီ ခွဲတွင်ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF) က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ၁၉ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဥ်(၄)စီး နှင့် သံချပ်ကာ အမြှောက်ကား(၃)စီးဖြင့် ထိုးစစ်ဆင်ခဲ့သော ဝှါရီဆူးပလိုင်ကျေးရွာတိုက်ပွဲတွင် ရဲဘော် မောင်ဒေါမိနစ်မှာ ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားခဲ့သောဖယ်ဒရယ်ဒီမိုကရေစီ သူရဲကောင်း ရဲဘော် မောင်ဒေါမိနစ်ကို အလေးနီပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ရှမ်း-ကယား (ကရင်နီ)ပြည်နယ်အစပ်၊ မိုးဗြဲမြို့ ဝီသဲကူး(မြောက်ရွာ)တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ခုခံစဥ် DMO-PDF မှ အသက် ၁၈ နှစ်အရွယ် ရဲဘော် မောင်စောမူဒေး ကျဆုံးခဲ့ရသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(ဖေဖော်ဝါရီ ၁၉ ရက်)က ရှမ်း-ကယားနယ်စပ်တိုက်ပွဲများ၌ အကြမ်းဖက်စစ်​ကောင်စီတပ်မှ အရာရှိအရာခံအပါအဝင် ၄၀ဦးထက် မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO – Local PDF)က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁၅ ရက်ကစ၍မိုးဗြဲမြို့နှင့်အနီးတဝိုက်သို့အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်း မဟာမိတ်တပ်များက ခုခံတိုက်ခိုက်လျက်ရှိရာ ဖေဖော် ဝါရီ ၁၆ရက်ကစ၍ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။