ရှမ်း-ကယား(ကရင်နီ)နယ်စပ်ရှိ မိုးဗြဲမြို့နယ် ကို ယနေ့(ဖေဖော်ဝါ၂၀) နံနက် ၉နာရီ ခွဲတွင်ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF) က ထုတ်ပြန်သည်။
ဖေဖော်ဝါရီ၁၉ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဥ်(၄)စီး နှင့် သံချပ်ကာ အမြှောက်ကား(၃)စီးဖြင့် ထိုးစစ်ဆင်ခဲ့သော ဝှါရီဆူးပလိုင်ကျေးရွာတိုက်ပွဲတွင် ရဲဘော် မောင်ဒေါမိနစ်မှာ ကျဆုံးခဲ့ရခြင်း ဖြစ်သည်။
တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားခဲ့သောဖယ်ဒရယ်ဒီမိုကရေစီ သူရဲကောင်း ရဲဘော် မောင်ဒေါမိနစ်ကို အလေးနီပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ရှမ်း-ကယား (ကရင်နီ)ပြည်နယ်အစပ်၊ မိုးဗြဲမြို့ ဝီသဲကူး(မြောက်ရွာ)တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ခုခံစဥ် DMO-PDF မှ အသက် ၁၈ နှစ်အရွယ် ရဲဘော် မောင်စောမူဒေး ကျဆုံးခဲ့ရသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၁၉ ရက်)က ရှမ်း-ကယားနယ်စပ်တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိအရာခံအပါအဝင် ၄၀ဦးထက် မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO – Local PDF)က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၁၅ ရက်ကစ၍မိုးဗြဲမြို့နှင့်အနီးတဝိုက်သို့အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဒေသတွင်း မဟာမိတ်တပ်များက ခုခံတိုက်ခိုက်လျက်ရှိရာ ဖေဖော် ဝါရီ ၁၆ရက်ကစ၍ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေသည်။