Connect with us

Hi, what are you looking for?

News

အစိုးရတရပ်မဟုတ်သည့် အကြမ်းဖက်စစ်ကောင်စီက ICJ ၌ နိုင်ငံကိုယ်စားပြုခွင့်မရှိဟု NUG ပြော

ICJက ယနေ့(ဖေဖော်ဝါရီ ၂၁ရက်)စတင်သည့် မြန်မာ-ဂမ်ဘီယာ ဒုတိယအကြိမ်ရုံးချိန်းတွင် အကြမ်းဖက်စစ်ကောင်စီ တက်ရောက်မည့်အခြေအနေအပေါ် NUG နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောကြားခြင်းဖြစ် သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ ဂမ်ဘီယာက မြန်မာကို စွဲဆိုထားသောအမှုတွင် အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံ၏ အစိုးရတရပ်မဟုတ်သည့် အတွက် ကိုယ်စားပြုခွင့်မရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

ICJက ယနေ့(ဖေဖော်ဝါရီ ၂၁ရက်)စတင်သည့် မြန်မာ-ဂမ်ဘီယာ ဒုတိယအကြိမ်ရုံးချိန်းတွင် အကြမ်းဖက်စစ်ကောင်စီ တက်ရောက်မည့်အခြေအနေအပေါ် NUG နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပြောကြားခြင်းဖြစ် သည်။

“ရှုတ်ထွေးနေတဲ့အနေအထားက အာဏာသိမ်းလိုက်တဲ့အတွက် နိုင်ငံတော်ကို ကိုယ်စားပြုခွင့်မရှိတဲ့သူတွေက နိုင်ငံတော်ကို ကိုယ်စားပြုရမယ့်နေရာမှာလာပြီးတော့ ကိုယ်စားပြုနေတဲ့အတွက်ကြောင့် ဖြစ်နေတဲ့ ပြဿနာလို့ ဒီလိုပဲ ရှင်းရှင်းလင်းလင်းမြင်ပါတယ်”ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းတွင် ပြောသည်။

စစ်တပ်သည် နိုင်ငံ၏အစိတ်အပိုင်းဖြစ်ပြီး မည်သည့်စစ်တပ်ကမျှ နိုင်ငံကို ကိုယ်စားပြုခွင့်မရှိဘဲ မြန်မာပြည်သူများကလည်း စစ်တပ်ကို ၎င်းတို့အား ကိုယ်စားပြုခွင့်၊ အုပ်ချုပ်ခွင့်ပေးမထားကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းသည်။

Public Service Announcement

Public Service Announcement

နိုင်ငံကို တရားမဝင်အတင်းအဓမ္မအာဏာသိမ်းရန်ကြိုးပမ်းသည့် မြန်မာစစ်တပ်သည် နိုင်ငံတနံတလျား၌ ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာမှုများ၊ အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုး ဖောက်ခဲ့ပြီး ယင်းသို့သော အကြမ်းဖက်အဖွဲ့ထံမှ ICJ အနေဖြင့် တရားမျှတမှုမျှော်လင့်နိုင်မည် မဟုတ်ကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုသည်။

သို့သော် မြန်မာပြည်သူလူထု၏ အာဏာအပ်နှင်းခံရသော အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရိုဟင်ဂျာအရေးသာမက အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ် ကျူးလွန်သောအကြမ်းဖက်မှုများအတွက် တရားမျှတမှုဖြစ်ပေါ်စေရန် ကြိုးပမ်းနေကြောင်း ပြောသည်။

“ကျွန်မတို့အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိတဲ့ ကျွန်မတို့နိုင်ငံမှာဖြစ်ပေါ်သွားတဲ့ကျူးလွန်မှုတွေကို နိုင်ငံတော်အစိုးရတရပ်အနေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်။ တရားရုံးဆုံးဖြတ်ချက်တွေကို လိုက်နာသွားမယ်။ ကျွန်မတို့ ရပ်တည်ချက်က တရားမျှတဖို့အတွက်ပဲ။ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို တိုင်းပြည်ထဲမှာ ဖြစ်ပျက်နေတဲ့အနေအထားအတိုင်း တင်ပြသွားဖို့ရှိတယ်။ နောက်ဆုံး ဆုံးဖြတ်ချက်က တရားသူကြီးတွေက ချမှတ်ရမှာဖြစ်တယ်။ တရားသူကြီးတွေက ချမှတ်လိုက်တဲ့ တရားရုံးဆုံးဖြတ်ချက်ကိုလည်း ကျွန်မတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောသည်။

NUGသည် ICJ ၌ မြန်မာကိုယ်စားပြုတက်ရောက်ရှင်းလင်းရန် ကြိုးပမ်းနေသော်လည်း လက်ရှိအချိန်အထိ ရုံးတော်၏ အကြောင်းပြန်ကြားချက် မရရှိသေးပေ။

အကြမ်းဖက်စစ်ကောင်စီက ICJ ရုံးတော်၏ ဆင့်ခေါ်စာရရှိထားသဖြင့် ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ထားပြီး အချို့မှာ လူကိုယ်တိုင် နယ်သာလန်ရှိ သည်ဟိဂ်ရုံးတော်၌၊ အချို့မှာ အွန်လိုင်းမှတဆင့် တက်ရောက်ရှင်းလင်းမည်ဟု သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့ Den Haag Central နဲ့ Utrecht Central station တို့မှာ (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၉)...

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။