Connect with us

Hi, what are you looking for?

News

တော်လှန်ရေးအရှိန်မြှင့်မည်ဖြစ်၍ ဝန်ထမ်းများ ယခုလကုန်နောက်ဆုံးထားနှုတ်ထွက်ကြရန် ရေစကြို(ပအဖ) ကြေညာ

ရေစကြိုမြို့နယ်မှ အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားတွင် လိုက်ပါဆောင်ရွက်နေကြသော အမှုထမ်းအရာ ထမ်းများ မိမိတို့ ရုံးဌာန နေအိမ်များမှ ရရာနည်းလမ်းဖြင့် အပြီးတိုင် စွန့်လွှတ် ထွက်ခွာသွားကြရန်လည်း ကြေညာ ချက်၌ ဖော်ပြထားသည်။

(စစ်အာဏာရှင်ဆန့်ကျင်​ရေး ​ရေစကြို​ဒေသခံများ ချီတက်ဆန္ဒပြ​နေသည်ကို ၂၀၂၁​ဖေ​ဖော်ဝါရီ၈ရက်က ​တွေ့ရစဥ်)

အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်နှင့် အပေါင်းအပါ စစ်အုပ်စုကို အရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်၍ ရေစကြိုမြို့နယ်ရှိ ဝန်ထမ်းများ ဖေဖော်ဝါရီ ၂၈ရက် နောက်ဆုံးထား၍ နှုတ်ထွက်ကြရန် ရေစကြို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက်ကို ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဖေဖော်ဝါရီ ၂၁ရက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းစစ်အုပ်စုသည် ပြည်သူလူထု၏ ဆန္ဒနှင့် ဆန့်ကျင်ပြီး စစ်အာဏာရှင် အကျင့်ဆိုးဖြင့် ရေစကြို မြို့နယ်သာမက တစ်နိုင်ငံလုံးကို လက်နက်အားကိုးဖြင့် စစ်ကျွန်ပြုကာ အုပ်ချုပ်ရန် ကြိုးပမ်းနေသည့်အတွက် ရရာနည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ခိုက်ကာ တော်လှန်ရေး ဆင်နွှဲနေကြောင်း၊ ပိုမိုထိရောက်စွာ အရှိန်မြှင့်၍ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အတည်ပြု အသိပေးအပ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

ထို့ကြောင့် ရေစကြိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်ဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီ ၂၈ရက် ည ၁၂နာရီ နောက်ဆုံးထားပြီး အလုပ်မှ နှုတ်ထွက်ခြင်း၊ ပြည်သူနှင့်အတူ ပူးပေါင်းခြင်း၊ CDM ဆောင်ရွက်ခြင်းများ ပြုလုပ်ကြရန် အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ရေစကြိုမြို့နယ်မှ အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားတွင် လိုက်ပါဆောင်ရွက်နေကြသော အမှုထမ်းအရာ ထမ်းများ မိမိတို့ ရုံးဌာန နေအိမ်များမှ ရရာနည်းလမ်းဖြင့် အပြီးတိုင် စွန့်လွှတ် ထွက်ခွာသွားကြရန်လည်း ကြေညာ ချက်၌ ဖော်ပြထားသည်။

အထက်ဖော်ပြပါ အချက်များကို လိုက်နာခြင်းမရှိပါက ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)၊ ရေစကြို PDF တို့မှ အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင် တုတ်ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကိုပါ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရေစကြို (ပအဖ)က ကြေညာလိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။