Connect with us

Hi, what are you looking for?

News

လောင်းလုံနယ်တွင် ​မောင်းမကန်ရဲစခန်းမှ နယ်ထိန်း အသတ်ခံရ

ရဲ၊ပျူစောထီး၊ဒလန်နှင့် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်သူအားလုံးကို ဆက်လက်ရှင်းလင်းသွားမည်ဟုလည်း DGRFက အသိပေးသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းနယ်ထိန်းတစ်ဦးကို ရှင်းလင်းခဲ့ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DGRF)က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်)ညနေ ၆နာရီခန့်ကနယ်ထိန်းစိုးနိုင်ဦး ဆိုသူကို မောင်းမကန်တောင်ဆင်း ရှုခင်းသာလမ်းကွေ့၌ ပြည်သူ့ကာကွယ်ရေးဖွဲ့နှစ်ခုပူးပေါင်းပြီး ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

နယ်ထိန်းရဲအားရှင်းလင်းစဥ် လက်ထိပ်၊တံဆိပ်တုံး၊ဆက်သွယ်ရေးဖုန်း(၂)လုံးအပါဝင် အမှုတွဲဖိုင်အချို့အား သိမ်းဆည်းရမိခဲ့သည်ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြထား သည်။

ရဲ၊ပျူစောထီး၊ဒလန်နှင့် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်သူအားလုံးကို ဆက်လက်ရှင်းလင်းသွားမည်ဟုလည်း DGRFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ ဖြစ်စဥ်တွင် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DGRF)နှင့် လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ​ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။