Connect with us

Hi, what are you looking for?

LuduNwayOo

News

လောင်းလုံနယ်တွင် ​မောင်းမကန်ရဲစခန်းမှ နယ်ထိန်း အသတ်ခံရ

ရဲ၊ပျူစောထီး၊ဒလန်နှင့် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်သူအားလုံးကို ဆက်လက်ရှင်းလင်းသွားမည်ဟုလည်း DGRFက အသိပေးသည်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းနယ်ထိန်းတစ်ဦးကို ရှင်းလင်းခဲ့ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DGRF)က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်)ညနေ ၆နာရီခန့်ကနယ်ထိန်းစိုးနိုင်ဦး ဆိုသူကို မောင်းမကန်တောင်ဆင်း ရှုခင်းသာလမ်းကွေ့၌ ပြည်သူ့ကာကွယ်ရေးဖွဲ့နှစ်ခုပူးပေါင်းပြီး ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။

နယ်ထိန်းရဲအားရှင်းလင်းစဥ် လက်ထိပ်၊တံဆိပ်တုံး၊ဆက်သွယ်ရေးဖုန်း(၂)လုံးအပါဝင် အမှုတွဲဖိုင်အချို့အား သိမ်းဆည်းရမိခဲ့သည်ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြထား သည်။

ရဲ၊ပျူစောထီး၊ဒလန်နှင့် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်သူအားလုံးကို ဆက်လက်ရှင်းလင်းသွားမည်ဟုလည်း DGRFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ ဖြစ်စဥ်တွင် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DGRF)နှင့် လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LPDF)တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ​ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

တနင်္သာရီတိုင်းတွင် KNLA က​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ယခုလပိုင်းအတွင်းပိုမိုတိုက်ခိုက်​လာရာ စစ်​ကောင်စီတပ်အထိနာ​နေသည်။

သတင်း

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီ လဝကရုံး၊ စရဖရုံး၊ ထွေအုပ်ရုံး၊ မြို့မရဲစခန်းနှင့် စာရင်းစစ်ရုံးတို့ကို LLPDF၊ ဥသြစစ်ကြောင်း စသည့်ပူးပေါင်းတပ်များက တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သေးသည်။