Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်​၊ ရေပြာရဲစခန်းကို PDFများတိုက်ခိုက် စခန်းမှူးအပါအဝင် ငါးဦး​သေဆုံး

ဇန်နဝါရီ ၂၉ ရက်ကလည်း မြိုင်မြို့နယ်ရှိ လင်းကတောနယ်မြေရဲစခန်းကို မြိုင်မြို့နယ် PDF၊ဆားလင်းကြီး PDFနှင့် ရေစကြိုမြို့နယ် PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး သိမ်းဆည်းနိုင်ခဲ့သည်။

(ဇန်နဝါရီ ၂၉ ရက်က မြိုင်မြို့နယ် လင်းက​တော့ရဲစခန်းကို PDFများကတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဓါတ်ပုံ-CJ)

မကွေးတိုင်း၊ပေါက်မြို့နယ် ရေပြာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များဝင်ရောက်တိုက် ခိုက်ရာ စခန်းမှူးအပါအဝင် ငါးဦး သေဆုံးကြောင်း မြိုင်မြို့နယ် ပြည်သူကာကွယ်ရေး တပ်ဖွဲ့မှ ဗိုလ် Cross က လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်) ညနေ့ ( ၄) နာရီ ခန့်က ရေပြာရဲစခန်းကို မြိုင်မြို့နယ်ပြည်သူကာ ကွယ်ရေးတပ်ဖွဲ့ ၊ရေစကြိုမြို့နယ်ပြည်သူကာ ကွယ်ရေးတပ်ဖွဲ့ နှင့် ပေါက်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ် ( ၃) မြို့နယ် ပ.က.ဖများပူးပေါင်း၍( ၄၅) မိနစ်ကြာ တိုက်ခိုက်ခဲ့သည်။

Public Service Announcement

“အရင်တခေါက်ကလို တော့ စခန်းကို မသိမ်းလိုက်နိုင်ဘူး။ဒါပေမယ့် စခန်း အရှေ့မှာတင် သူတင် ကိုယ်တင် ချခဲ့တာ။ကျွန်တော်တို့ ဘက်က ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်။မစိုးရိမ်ရဘူး။အားလုံး လုံခြုံတဲ့ နေရာ ကို ပြန်ရောက်ပါပြီ”ဟု ဗိုလ် Cross က People’s Spring သို့​ပြောသည်။

ဇန်နဝါရီ ၂၉ ရက်ကလည်း မြိုင်မြို့နယ်ရှိ လင်းကတောနယ်မြေရဲစခန်းကို မြိုင်မြို့နယ် PDF၊ဆားလင်းကြီး PDFနှင့် ရေစကြိုမြို့နယ် PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး သိမ်းဆည်းနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲတွင်မူ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲများက မီသားစုဝင်များနှင့် လက်နက်များကို ထား၍ထွက်​ပြေးသွားကြသဖြင့် ဂျီသရီး ၅လက် ၊အူစီ ၃ လက်နှင့်ကျည် အများအပြားသိမ်းဆည်းရမိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။