Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်တောင်ပိုင်းကို စစ်တပ်က နေ့စဉ်တိုက်ခိုက်နေလို့ ဒေသခံထောင်နဲ့ချီ တိမ်းရှောင်

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းတွေ အပါအ၀င်လက်နက်ကြီးနဲ့ နေ့စဉ် တိုက်ခိုက်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ်လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

(ပေါက်မြို့နယ်တောင်ပိုင်းက ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေကြစဉ်။ ဓာတ်ပုံ - လူမှုရေးရာ၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဌာနပေါက်မြို့နယ်)

နို၀င်ဘာ-၉၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းတွေ အပါအ၀င်လက်နက်ကြီးနဲ့ နေ့စဉ် တိုက်ခိုက်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ်လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်း ဝန်ခြုံး၊ ကျောက်ခွက်၊အိုင့်ကျယ်၊သီးချောက်၊ သရဖီနဲ့ လယ်လန်းကျေးရွာတွေကို အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ပခုက္ကူ တပ်မ (၁၀၁)ကနေလည်း အသေခံ ဒရုန်းတွေနဲ့ နေ့စဥ် တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ဒါကြောင့် ကျေးရွာ ၆ရွာက အိမ်ထောင်စု တစ်ထောင်နီးပါး လူဦးရေ သုံးထောင်ကျော်(၃၃၄၁)ဦးဟာ

Public Service Announcement

Public Service Announcement

ကြောက်လန့်ပြီး နေရပ်မပြန်ရဲပဲ တောတောင်တွေကြား စစ်ဘေးရှောင်နေရတယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် လက်ရှိ ရာသီဥတုတွေကြောင့် စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးနဲ့စားနပ်ရိက္ခာ အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။

အခုနိုတင်ဘာ ၃ ရက်ကလည်း ပေါက်မြို့နယ်တောင်ပိုင်း ကျောက်ခွက်ရွာ၊အိုင့်ကျယ်ရွာ၊လယ်လန်းရွာတွေကို ပုဂံ-ညောင်ဦး လေဆိပ်က ဂျိုင်ရိုကောပတာ ၃စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောက်ခွက်ရွာ ဒေသခံ ဆယ်ကျော်သက်အရွယ် အမျိုးသား ၄ဦး နဲ့ အမျိုးသမီး ၂ဦးသေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် လယ်လန်းရွာက ကိုရင်ကြီး ၁ပါး အပါအဝင် အမျိုးသား ၁ဦးနဲ့အမျိုးသမီး ၅ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက် (၉၀)အရွယ် အဖွားအို ၁ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်ခံရတဲ့နေ့ကတည်းက ဝန်ခြုံး၊ ကျောက်ခွက်၊အိုင့်ကျယ်၊သီးချောက်၊ သရဖီ နဲ့ လယ်လန်းရွာက ‌ဒေသခံတွေ ထွက်ပြေးတိမ်ရှောင်နေရတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ဆိပ်ဖြူမြို့နယ်ကတဆင့် ပေါက်မြို့နယ် အခြေစိုက် (ကပစ-၂၄ )ကို အင်အားဖြည့်ဖို့အတွက် လမ်းကြောပေါ်မှာရှိတဲ့ ပေါက်ဒေသတောင်ပိုင်းကို မကြာခဏ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

ကပစ(၂၄)ကတဆင့် ပေါက်မြောက်ပိုင်းပြည်သူ့စစ် ရွာတွေနဲ့ ဆောမြို့နယ်ဘက်ကို အခုနှစ်အတွင်း စစ်တပ်က အင်အားဖြည့်တာတွေ တောက်လျှောက်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"ရှေ့ဆောင် နွား ဖြောင့်ဖြောင့်သွားက နောက်နွား တစ်သိုက် ဖြောင့်ဖြောင့် လိုက်၏" တဲ့။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်တပ် တပ်စွဲရာ နေရာ ၃ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းအနောက်ခြမ်းက အာဏာသိမ်းစစ်တပ်ရဲ့ ပွိုင့်ကုန်းစခန်းတွေကို တော်လှန်ရေးတပ်တွေက တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၊ မီးရှို့ပျက်စီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ Churches ကျောင်းတွေ ပြင်ဆင်တည်ဆောက်ဖို့ ရည်ရွယ်ပြီး နယူးယောက်မြို့မှာ "Faith Unbroken" ဖျော်ဖြေပွဲပြုလုပ်မယ်လို့ တော်လှန်အနုပညာရှင် လင်းလင်းက အသိပေးထားပါတယ်။