Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက ကိုဗစ်ကို နိုင်ငံရေးအမြတ်ထုတ်ပြီးစစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားချိနဲ့အောင်လုပ်နေဟု NUG ထုတ်ပြန်

မြန်မာပြည်သူတစ်ရပ်လုံးအပေါ်သက်ရောက်စေသည့် လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့် ရာဇ ဝတ်မှုကို စစ်ကောင်စီက နောက်ထပ်ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားသည်။

(ကိုဗစ်​ရောဂါဖြင့် ​သေဆုံးသူများအား သဂြိုလ်ရန် ​ရေ​ဝေးသုသာန်၌ ပြင်ဆင်​နေသည်ကို ယ​နေ့​တွေ့ရစဥ်၊ ဓါတ်ပုံ - ခင်​​မောင်ဝင်း(​ရွှေအင်းသား)

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် နိုင်ငံရေးစိတ် စေတ နာကင်းမဲ့ပြီး ကိုဗစ်တတိယလှိုင်းကို နိုင်ငံရေးအရ အမြတ်ထုတ်ကာ ပြည်သူတို့၏စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းများကို အင်အားချိနဲ့သွားအောင် လုပ်ဆောင်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့ ထုတ်ပြန် သည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့ကို ဆန့်ကျင်သည့် ပြည်သူ လူထုကို ပြန်လက်စားချေသည့်သဘောမျိုးဖြစ် နေသည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

ကိုဗစ်ကပ်ရောဂါနှင့်ပတ်သက်ပြီး ကာကွယ်ပေးရမည့်အရာများကို မထောက်ပံ့ခြင်းအားဖြင့် လူထုအကြား စိုးရိမ်ပူပန်ခြင်းများ တမင်ဖန်တီးပေးလျက်ရှိကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းသည် ပြည်သူ့ကျန်းမာရေးအခြေအနေကို ထိခိုက်စေရုံမျှမက ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေမှုများဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဆိုသည်။

မြန်မာပြည်သူတစ်ရပ်လုံးအပေါ်သက်ရောက်စေသည့် လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့် ရာဇ ဝတ်မှုကို စစ်ကောင်စီက နောက်ထပ်ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့်အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ကျန်းမာ ရေးဆိုင်ရာ ကူညီလုပ်ဆောင်ပေးနေသောအဖွဲ့များအပေါ် နှောက်ယှက်ဟန့်တားနေမှုများကို ချက်ချင်းရပ်တန့်ပြီး လိုအပ်သော ဒေသများနှင့် ပြည်သူများထံ ကျန်းမာရေးအကူအညီများ ရောက်ရှိစေရန်အတွက် ထောက်ပံ့မှု လမ်းကြောင်းများကို ဖွင့်ထားပေးရန် ပြင်းထန်စွာ သတိ ပေးလိုက်သည်ဟု NUGလူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဌာန က ထုတ်ပြန်သည်။

လက်ရှိကပ်ရောဂါကာလတွင် မြန်မာနိုင်ငံ၌ပြည်သူများအား ကာကွယ်ပေးခြင်းထက် စစ်တပ်နှင့်၎င်းတို့၏ မိသားစုဝင်များက ပိုမိုအခွင့်ထူးရရှိနေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကာကွယ်ဆေးကို အထူးလိုအပ်သူများအား ဦးစားပေးပြီး စနစ်တကျ ထိုးနှံရမည့်အစား စစ်တပ်အသိုင်းအ၀ိုင်းကို ဦးစားပေးခြင်းနှင့် ကုသာရေးစင်တာများ၊ အောက်ဆီဂျင်များ အပါအဝင် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းများကို စစ်တပ်အတွက် သိမ်းဆည်းထားခြင်းတို့သည် လူတိုင်း ကျန်းမာရေးအခွင့်အရေးများကို တန်းတူရရှိပိုင်ခွင့်ကို ချိုးဖောက် ခြင်းဖြစ်သည်ဟုလည်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်