Connect with us

Hi, what are you looking for?

News

ချင်းပုန်းရွာကို အကြမ်းဖက်စစ်​ကောင်စီက ရဟတ်ယာဥ်​လေးစီးဖြင့် စီးနှင်း​နေ

“ဒီနေ့ မနက်၉နာရီခွဲခန့်က စလို့ Mi 35 နှစ်စီးနဲ့ပစ်ခတ်နေတယ်။မြေပြင် အသေးစိတ် အချက်အလက်ကိုတော့ မရသေးဘူး”ဟု ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်နှင့်ကနီမြို့ကြားရှိ ချင်းပုန်းကျေးရွာကိုဦးတည်၍ အကြမ်းဖက်စစ်ကောင်စီတပ်က ရဟတ်ယာဥ် လေးစီးအသုံးပြု၍ ဝင်ရောက်စီးနင်းနေကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

အကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဥ်လေးစီးအနက် နှစ်စီးသည် တိုက်ခိုက်ရေးယာဥ်ဖြစ်ပြီး ကျန်နှစ်စီးမှာ စစ်ကောင်စီတပ်သားများတင် ဆောင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

“ဒီနေ့ မနက်၉နာရီခွဲခန့်က စလို့ Mi 35 နှစ်စီးနဲ့ပစ်ခတ်နေတယ်။မြေပြင် အသေးစိတ် အချက်အလက်ကိုတော့ မရသေးဘူး”ဟု ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

နံနက် ၁၀ နာရီခွဲခန့်တွင် ရဟတ်ယာဥ်များပေါ်မှ ပစ်ခတ်မှု ရပ်နားခဲ့ပြီး ချင်းပုန်းရွာအနီးတစ်ဝိုက်တွင် ရဟတ်ယာဥ်တစ်စီးဖြင့် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို လာရောက်ချနေသည်ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“စစ်ခွေးတွေ ရွာကို ဝိုင်းထားပြီး ချင်းပုန်းရွာသူ၊ရွာသားများပိတ်မိနေတယ်”ဟု ထို တပ်ပေါင်းစုက ပြောသည်။

ယနေ့ နံနက် ၈နာရီခန့်ကစ၍ ကနီ မြို့နယ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ရဟတ်ယာဥ်ဖြင့် တင်ဆောင်၍ ယင်းမာပင်မြို့နယ်ဘက်သို့ ထွက်ခွာသွားခြင်း ဖြစ်သည်ဟုလည်း ယင်းမာပင်PDF မှ ဗိုလ်သူရိန်က ဆိုသညိ။

လက်ရှိ ယင်းမာပင်-ကနီ ဒေသစစ်ရေးအခြေ အနေကြောင့် မုံရွာ – ယာကြီး လမ်းပိုင်းအားယနေ့(ဖေဖော်ဝါရီ ၂၆ ရက်)ကစ၍ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေး ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။