Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ် လက်နက်ကြီးရမ်းပစ်၍ ဘားအံဒေသခံ နှစ်ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၅ရက် ညနေ ၆နာရီခန့်က စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ် ၍ နို့သရေး ကျေးရွာ​နေ (၅၀)အရွယ် အမျိုးသားတစ်ဦးနှင့် ၁၄နှစ်အရွယ်လူငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘားအံ(ဖားအံ)မြို့နယ် တကောင်ဘိုးဒေသ၌ လှုပ်ရှားနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့၍ အရပ်သား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU သထုံခရိုင်က ထုတ်ပြန် သည်။

ဖေဖော်ဝါရီ ၂၅ရက် ညနေ ၆နာရီခန့်က စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ် ၍ နို့သရေး ကျေးရွာ​နေ (၅၀)အရွယ် အမျိုးသားတစ်ဦးနှင့် ၁၄နှစ်အရွယ်လူငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အဆိုပါဒေသတွင် ဖေဖော်ဝါရီ ၂၃ရက်မှ ၂၅ရက် အတွင်း KNU တပ်မဟာ(၁)လက်အောက်ခံတပ်များနှင့် စစ်ကောင်စီ အကြား ထိတွေ့တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အထိနာ၍ ယခုကဲ့သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သုံးရက်အတွင်း ထိတွေ့ပစ်ခတ်မှု ၁၀ ကြိမ်ထက်မနည်းရှိခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ဦး ထက်မနည်းသေဆုံးပြီး ကား ၇စီး ပျက်စီးသွားကြောင်း KNUက ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် BGF တပ်များသည် ဖေဖော်ဝါရီ ၂၄ရက်က KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း ကျေးရွာများသို့လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ အရပ်သား တစ်ဦးသေဆုံးပြီး ကလေးနှင့်အမျိုးသမီးအပါအဝင် လေးဦး ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဒေသအသီးသီးတွင် လက်နက် ကြီးများရမ်းသန်းပစ်ခတ်ခြင်း၊ အရပ်သားလူထုများနှင့် နေအိမ်များကို ပစ်မှတ်ထား ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများ စဉ်ဆက်မပြတ်လုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။