Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ် လက်နက်ကြီးရမ်းပစ်၍ ဘားအံဒေသခံ နှစ်ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၅ရက် ညနေ ၆နာရီခန့်က စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ် ၍ နို့သရေး ကျေးရွာ​နေ (၅၀)အရွယ် အမျိုးသားတစ်ဦးနှင့် ၁၄နှစ်အရွယ်လူငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘားအံ(ဖားအံ)မြို့နယ် တကောင်ဘိုးဒေသ၌ လှုပ်ရှားနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့၍ အရပ်သား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU သထုံခရိုင်က ထုတ်ပြန် သည်။

ဖေဖော်ဝါရီ ၂၅ရက် ညနေ ၆နာရီခန့်က စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ် ၍ နို့သရေး ကျေးရွာ​နေ (၅၀)အရွယ် အမျိုးသားတစ်ဦးနှင့် ၁၄နှစ်အရွယ်လူငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

အဆိုပါဒေသတွင် ဖေဖော်ဝါရီ ၂၃ရက်မှ ၂၅ရက် အတွင်း KNU တပ်မဟာ(၁)လက်အောက်ခံတပ်များနှင့် စစ်ကောင်စီ အကြား ထိတွေ့တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အထိနာ၍ ယခုကဲ့သို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သုံးရက်အတွင်း ထိတွေ့ပစ်ခတ်မှု ၁၀ ကြိမ်ထက်မနည်းရှိခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ဦး ထက်မနည်းသေဆုံးပြီး ကား ၇စီး ပျက်စီးသွားကြောင်း KNUက ထုတ်ပြန်ထားသည်။

စစ်ကောင်စီနှင့် BGF တပ်များသည် ဖေဖော်ဝါရီ ၂၄ရက်က KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်အတွင်း ကျေးရွာများသို့လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ အရပ်သား တစ်ဦးသေဆုံးပြီး ကလေးနှင့်အမျိုးသမီးအပါအဝင် လေးဦး ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဒေသအသီးသီးတွင် လက်နက် ကြီးများရမ်းသန်းပစ်ခတ်ခြင်း၊ အရပ်သားလူထုများနှင့် နေအိမ်များကို ပစ်မှတ်ထား ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းများ စဉ်ဆက်မပြတ်လုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။