Connect with us

Hi, what are you looking for?

News

ချင်းပုန်းရွာတွင် စစ်ကောင်စီတပ်က ဒေသခံ ၇ဦးကို သတ်ဖြတ်၊ ဆိုင်ကယ် ၆၄စီးနှင့် ကား ၄စီး မီးရှို့သွား

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၆ရက် နံနက်တွင် ချင်းပုန်းရွာနှင့် အနီးတဝိုက်ကို ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်ကာ မူကြိုကလေး ၈၀ ခန့်ကို ဓားစာခံအဖြစ် ထိန်းသိမ်းပြီး ယနေ့မနက်တွင် ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားသည်ဟု၎င်းတို့က​ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က ​ဖေ​ဖော်ဝါရီ ၂၆ ရက်တွင်ချင်းပုန်းရွာမှ​နေအိမ်အချို့ကို မီးရှို့​နေစဥ်။ဓါတ်ပုံ-CJ)

က​လေးငယ် ၈၀ ပြန်လွတ်လာဟု​ဒေသခံ​အချို့ပြော

ယင်းမာပင်မြို့နယ် ချင်းပုန်းရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဝင်ရောက်စီးနင်းပြီး ဒေသခံ ၇ဦးထက်မနည်းကို သတ်ဖြတ်ကာ ကျေးရွာသူ ကျေးရွာသားများ ပိုင်ဆိုင်သည့် ဆိုင်ကယ် ၆၄စီး၊ ကား ၄စီးကို မီးရှို့ဖျက်ဆီးသွားကြောင်း ယင်းမာပင်ဒေသခံအချို့ကပြောသည်

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၆ရက် နံနက်တွင် ချင်းပုန်းရွာနှင့် အနီးတဝိုက်ကို ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်ကာ မူကြိုကလေး ၈၀ ခန့်ကို ဓားစာခံအဖြစ် ထိန်းသိမ်းပြီး ယနေ့မနက်တွင် ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားသည်ဟု၎င်းတို့က​ပြောသည်။

ချင်းပုန်းရွာကို စစ်​ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့်စီးနင်းစဥ်

“ကလေးတွေကတော့ ဘာမှ ဖြစ်မသွားဘူး။ ဒေသခံတစ်ယောက် ဘေးက ၆ယောက် လောလောဆယ် အလောင်း ၇လောင်းတွေ့တယ်။ အလောင်း ၇လောင်းရယ် ကား ၄စီး ဆိုင်ကယ် ၆၄စီး ရယ် အကုန်မီးပုံရှို့သွားတာ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

က​လေးငယ်များ ၊မူကြိုဆရာမများကို ဖမ်းဆီးထားစဥ် က​လေးငယ်များကိုလာ​ခေါ်လိုပါက မိဘများကိုယ်တိုင်လာ​ခေါ်ရန် အကြမ်းဖက်စစ်​ကောင်စီတပ်များက​ပြောပြီး လာ​ခေါ်​သောမိဘအချို့ကို ဖမ်းဆီးထားပြီး က​လေးဖခင်တစ်ဦးကိုမူ ဖမ်းဆီးနှိပ်စက်​ကြောင်း၊မူကြိုဆရာမများမှာ ၎င်းတို့ကိုထမင်းချက်​ကြွေးရ​ကြောင်း ​ဒေသတွင်း​​နွေဦး​တော်လှန်​ရေးသတင်းများ​ဖော်ပြ​ပေး​နေ​သော အလောင်းတော်ကဿပ နယ်မြေသတင်းက​ဖော်ပြသည်။

“အကယ်၍ သူတို့ကို တိုက်ရင် ကလေးတွေ အကုန်လုံးကို သတ်မယ်လို့ ခြိမ်းခြောက်နေတယ်”ဟု ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက အလောင်းတော်ကဿပ နယ်မြေသတင်းသို့​​​​ဖြေကြားထားသည်။

ရွာမှအပြန်တွင် ဒေသခံတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကောင်စီတပ်က ရဟတ်ယာဉ်ပေါ်မှလည်း​အောက်သို့ပစ်ခတ်သွားကြောင်း ဒေသခံကအချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။