Connect with us

Hi, what are you looking for?

News

လေးကေကော်စစ်ဘေးရှောင်စခန်းမှာ ကိုဗစ်သံသယနဲ့ ကိုဗစ်လူနာတွေအတွက် ကွာရန်တင်းအဆောင်အခက်အခဲရှိနေ

“ကိုဗစ်လက္ခဏာနဲ့တူညီတဲ့ ကြုံနေရတဲ့ စစ်ရှောင်တွေလည်းရှိနေတာပေါ့။ လူဦးရေ ၇၀၀ ရှိတဲ့ နေရာကျတော့ လောလောဆယ် ကွရန်တင်းမရှိသေးဘူး” လို့ စောနန္ဒဆူးက ဆိုပါတယ်။

ကိုဗစ်ရောဂါကူးစက်မှုတွေ ကြုံနေရတဲ့ လေးကေကော် စစ်ဘေးရှောင်စခန်းမှာ ရောဂါကူးစက်ခံလူနာနဲ့ သံသယလူနာတွေအတွက် ကွာရန်တင်းအဆောင်တွေတည်ဆောက်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလပိုင်းက လေးကေကော်စစ်ဘေးရှောင်တွေအချို့မှာ ကိုဗစ်ရောဂါလက္ခဏာဖြစ်ပွားမှုတွေရှိလာပြီး ရောဂါကူးစက်ခံရတဲ့လူနာတွေကို ကွရတင်းစင်တာမှာထားရှိပြီး နယ်မြေခံကျန်းမာရေးအဖွဲ့တွေက စောင့်ကြည့်ကုသပေးလျက်ရှိနေတာဖြစ်ပါတယ်။

ဒါပေမဲ့ တချို့စစ်ရှောင်စခန်းတွေမှာ ကွရန်တင်းစင်တာရှိပြီး တချို့စစ်ရှောင်စခန်းတွေမှာတော့ ကွရတင်းစင်တာမဆောက်နိုင်တဲ့အတွက် ကူညီတောင်းခံမှုတွေရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ စောနန္ဒဆူးက ဆိုပါတယ်။

“ကိုဗစ်ရောဂါလက္ခဏာပြတဲ့လူလည်း တော်တော်များများရှိကြတယ်။ အဲ့ဒီအဖွဲ့တွေကျတော့ လောလောဆယ် အကူအညီတောင်းခံနေတုန်းပဲ။ စစ်ရှောင်တွေဆိုတော့ သိတဲ့အတိုင်းပဲလေ။ သူတို့တောင်မှ တာလပတ်နဲ့နေရတဲ့အနေအထားမှာ ကွရန်တင်းစင်တာတို့ အကူအညီမရသေးတဲ့အဖွဲ့တွေမှာကျတော့ မရှိသေးဘူး။ တချို့တလေတော့ရကြတယ်။ ကွရန်တင်းလုပ်နိုင်တဲ့အနေအထားလည်း တချို့တလေတော့ရှိကြတယ်” လို့ စောနန္ဒဆူးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းက လူဦးရေ ၇၀၀ ဝန်းကျင်နေထိုင်တဲ့ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်းမှာ ကိုဗစ်ရောဂါလက္ခဏာနဲ့ဆင်တဲ့ နှာစေးချောင်းဆိုရောဂါဖြစ်ပွားနေတဲ့ စစ်ဘေးရှောင်ဦးရေ အယောက် ၈၀ ခန့်ရှိနေပြီး လက်ရှိအချိန်မှာလည်း ကိုဗစ်ရောဂါလက္ခဏာနဲ့ကြုံနေရတဲ့ စစ်ဘေးရှောင်တွေလည်းရှိနေတယ်လို့ စောနန္ဒဆူးက ဆိုပါသေးတယ်။

“ကိုဗစ်လက္ခဏာနဲ့တူညီတဲ့ ကြုံနေရတဲ့ စစ်ရှောင်တွေလည်းရှိနေတာပေါ့။ လူဦးရေ ၇၀၀ ရှိတဲ့ နေရာကျတော့ လောလောဆယ် ကွရန်တင်းမရှိသေးဘူး” လို့ စောနန္ဒဆူးက ဆိုပါတယ်။

လေးကေကော်စစ်ဘေးရှောင်တွေကို ကိုဗစ်ရောဂါရှိမရှိ ကျန်းမာရေးစစ်ဆေးပေးနိုင်ဖို့အတွက် Test-Kit အလုံအလောက်မရှိတဲ့အပြင် ကိုဗစ်ရောဂါကာကွယ်ဆေးလည်း လတ်တလောမှာမရကြသေးဘူးလို့ သိရပါတယ်။

ရာသီဥတုကူးပြောင်းမှုနဲ့ ကူးစက်မြန်ရောဂါတွေကြောင့် လေးကေကော်စစ်ဘေးရှောင်တွေမှာ နေမကောင်းဖြစ်မှုတွေပိုမိုဖြစ်ပွားလာပြီး စစ်ဘေးရှောင်တွေအတွက် ဆေးဝါး၊ အစားအသောက်၊ စောင်နဲ့ ပုခက်တွေ လိုအပ်နေတယ်လို့ လေးကေကော်လူငယ်ကွန်ယက်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နှစ်လကျော်ကြာ တိမ်းရှောင်ထွက်ပြေးနေရတဲ့ လေးကေကော်ဒေသခံ စစ်ဘေးရှောင်တွေဟာ နယ်မြေအခြေအနေကြောင့် လက်ရှိအချိန်ထိ နေရပ်ကိုမပြန်နိုင်သေးပဲ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက်နဲ့ လေးကေကော်အနီးပတ်ဝန်းကျင်ဒေသတွေမှာ တိမ်းရှောင်နေရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။