Connect with us

Hi, what are you looking for?

News

ထောင်နံရံနောက် ကျန်နေသေးသည့် အနုပညာရှင်များ

မတရားပုဒ်မတပ်ဖမ်းဆီးကာ ပြစ်ဒဏ်ကျခံနေရသည့် လူမင်း၊ ပြေတီဦး၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်နှင့် ဖေဖော်ဝါရီလဆန်းပိုင်းက ဖမ်းဆီးခဲ့သည့် ဒါရိုက်တာ ဝိုင်းကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ လွတ်ငြိမ်းခွင့်ပေးကာပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

မတ်လ ၂ ရက်တွင် နာမည်ကြီးအနုပညာရှင်အချို့ကို စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သော်လည်း ပြစ်ဒဏ်ကျခံနေသည့် အနုပညာရှင်များကျန်ရှိနေသေးသည်။

မတရားပုဒ်မတပ်ဖမ်းဆီးကာ ပြစ်ဒဏ်ကျခံနေရသည့် လူမင်း၊ ပြေတီဦး၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်နှင့် ဖေဖော်ဝါရီလဆန်းပိုင်းက ဖမ်းဆီးခဲ့သည့် ဒါရိုက်တာ ဝိုင်းကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ လွတ်ငြိမ်းခွင့်ပေးကာပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစတင်ဖမ်းဆီးခဲ့သည့် ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ရက်ဂေးအဆို‌တော် စောဖိုးခွားတို့ လွတ်မြောက်လာခြင်းမရှိသေးသလို သရုပ်ဆောင်ရဲတိုက်၊ ဟာသသရုပ်‌ဆောင် ဆင်မ၊ အဆိုတော် အီတိုး ၊ အဆိုတော်ပိုပို တို့ ကျန်ရှိနေသေးသည်။

ဒါရိုက်တာမင်းထင်ကိုကိုကြီးနှင့် ရက်ဂေးအဆိုတော်စောဖိုးခွားတို့ကို မည်သည့်အတွက် ဖမ်းဆီးကြောင်းမသိရဘဲ ဖမ်းဆီးထားသည့် အချိန်မှ လက်ရှိအချိန်အထိ၎င်းတို့နှင့်ပတ်သက်ပြီး သတင်းကြားရခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဆန့်ကျင်ရေးဆန္ဒပြပွဲများတွင်ပါဝင်သည်ဟုဆိုကာ မတရားပုဒ်မတပ်ဖမ်းဆီးခံခဲ့ရသည့် သရုပ်ဆောင်ရဲတိုက်နှင့် ပိုပိုကို ပုဒ်မ ၅၀၅ ကဖြင့်မတရားပုဒ်မတပ်ကာ ပြစ်ဒဏ်သုံးနှစ်ချမှတ်ထားပြီး ယနေ့လွတ်ငြိမ်းထဲတွင်ပါဝင်လာခဲ့ခြင်းမရှိပါ။

ရဲတိုက်သည် ၎င်းကိုဖမ်းဆီးစဉ်က မူးယစ်ဆေးဝါးများတွေ့ရှိသည်ဟုဆိုကာ မူးယစ်ဆေးဝါးပုဒ်မဖြင့် အမှုရင်ဆိုင်နေရသည်။

ထို့အတူ ဟာသသရုပ်ဆောင် ဆင်မကိုလည်း ပြီးခဲ့သည့်နှစ်ဩဂုတ်လအတွင်းက ဖမ်းဆီးထားသော်လည်း လွတ်‌မြောက်စာရင်း၌ ပါဝင်လာခဲ့ခြင်းမရှိပေ။

အဆိုတော်အီတိုးသည်လည်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက လွတ်ငြိမ်းခွင့်ရခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးခံခဲ့ရကာ ယနေ့လွှတ်ပေးသည့်လွတ်ငြိမ်းစာရင်း၌ မပါဝင်လာခဲ့ပေ။

ပြန်လည်လွတ်မြောက်လာသည့် အနုပညာရှင်များအတွက် ဝမ်းသာရသလို ကျန်ရှိနေသေးသည့်သူများကိုလည်း လွှတ်ပေးရန် အနုပညာလောကသားများက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူသိများတဲ့ တောင်ကိုရီးယား KPop အမျိုးသား ဂီတကြယ်ပွင့်ရဲ့ နေအိမ်ထိ အကြိမ်ကြိမ် သွားရောက် နှောင့်ယှက်ခဲ့တဲ့ ဘရာဇီး အမျိုးသမီး တစ်ဦးကို တောင်ကိုရီးယားက နယ်နှင်ဒဏ်ပေးဖို့ စီစဉ်နေပါတယ်။

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

အတွေးအမြင်

ကျနော့်ကို မေ့နေကြပြီလားလို့ ကိုမင်းထင်(မင်းထင်ကိုကိုကြီး)ကမေးခွန်းထုတ်လိုက်တော့ ကျနော် လှိုက်ခနဲဖြစ်သွားရတယ်။