Connect with us

Hi, what are you looking for?

News

ရကိုင်း​ချောင်းတစ်​လျှောက်ချီတက်လာသည့် စစ်​ကောင်စီတပ်ကို ​တောင်ငူ DPF တိုက်ခိုက်ရာ ၁၅ဦးခန့်​သေဟုဆို

တိုက်ပွဲဖြစ်ပွားရာ နေရာ၌ပင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရသူများလည်းရှိကြောင်းတောင်ငူမြို့တော်လှန်ရေးသတင်းစဥ်က အသိပေးသည်။

People's Spring
People's Spring

ပဲခူးတိုင်း တောင်ငူမြို့၊ နတ်ရေတွင်းကျေးရွာအနီး ရကိုင်းချောင်းရိုးတစ်လျှောက် ခြေလျင်ချီတက်လာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ ၁၅ ဦးခန့်သေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ထုတ်ပြန် သည်။

ယနေ့(မတ်လ ၄ရက်) နေ့လယ်၁၂ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်၏ စစ်သားအင်အား ၈၀ ခန့်ကို တောင်ငူခရိုင် PDF၊ တပ်ရင်းအမှတ် (၃၅၀၁)၊ တပ်ခွဲ (၁) တပ်ခွဲမှူးကိုယ်တိုင်ဦးစီးပြီး ကမ်းပါးယံပေါ်မှ အသင့်နေရာယူ၍ ရှေ့ထွက်မိုင်း ​လေးလုံးဖေါက်ခွဲပြီး အပေါ်စီးမှ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာ၌ပင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရသူများလည်းရှိကြောင်းတောင်ငူမြို့တော်လှန်ရေးသတင်းစဥ်က အသိပေးသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့်သည် ပဲခူးရိုးမပေါ်သို့ တက်လာ၍ နယ်မြေရှင်းလင်းရန် လာရောက်ခြင်း ဖြစ်သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

တောင်ငူခရိုင် PDF မှ တပ်ဖွဲ့ဝင်ရဲဘော်များ အားလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီ ဖြစ်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကားရှစ်စီးဖြင့် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ