Connect with us

Hi, what are you looking for?

News

ရကိုင်း​ချောင်းတစ်​လျှောက်ချီတက်လာသည့် စစ်​ကောင်စီတပ်ကို ​တောင်ငူ DPF တိုက်ခိုက်ရာ ၁၅ဦးခန့်​သေဟုဆို

တိုက်ပွဲဖြစ်ပွားရာ နေရာ၌ပင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရသူများလည်းရှိကြောင်းတောင်ငူမြို့တော်လှန်ရေးသတင်းစဥ်က အသိပေးသည်။

People's Spring
People's Spring

ပဲခူးတိုင်း တောင်ငူမြို့၊ နတ်ရေတွင်းကျေးရွာအနီး ရကိုင်းချောင်းရိုးတစ်လျှောက် ခြေလျင်ချီတက်လာသည့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ ၁၅ ဦးခန့်သေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ထုတ်ပြန် သည်။

ယနေ့(မတ်လ ၄ရက်) နေ့လယ်၁၂ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်၏ စစ်သားအင်အား ၈၀ ခန့်ကို တောင်ငူခရိုင် PDF၊ တပ်ရင်းအမှတ် (၃၅၀၁)၊ တပ်ခွဲ (၁) တပ်ခွဲမှူးကိုယ်တိုင်ဦးစီးပြီး ကမ်းပါးယံပေါ်မှ အသင့်နေရာယူ၍ ရှေ့ထွက်မိုင်း ​လေးလုံးဖေါက်ခွဲပြီး အပေါ်စီးမှ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာ၌ပင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံးနိုင်ပြီး ဒဏ်ရာရသူများလည်းရှိကြောင်းတောင်ငူမြို့တော်လှန်ရေးသတင်းစဥ်က အသိပေးသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့်သည် ပဲခူးရိုးမပေါ်သို့ တက်လာ၍ နယ်မြေရှင်းလင်းရန် လာရောက်ခြင်း ဖြစ်သည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

တောင်ငူခရိုင် PDF မှ တပ်ဖွဲ့ဝင်ရဲဘော်များ အားလုံးဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီ ဖြစ်သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကားရှစ်စီးဖြင့် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်ကောင်စီစခန်းတစ်ခုမှာ ဖမ်းဆီးခံထားရတာလည်း အချိန်တခုကြာခဲ့ပြီ။ သူက PDFလည်းမဟုတ်ဘဲ သာမန်ပြည်သူတစ်ဦးပါ။

News Story

ချောင်းဦးမြို့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်က အညာမြို့ငယ်လေးတမြို့ပါ။ သို့ပေသိ နွေဦးတော်လှန်ရေးမှာ ချောင်းဦးမြို့ရဲ့ တော်လှန်ရေးအပေါ်ခံယူချက်၊ ပေးဆပ်ရမှုတွေက မနည်းခဲ့ဘူး။ တော်လှန်ရေးခရီးအစ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ချောင်းဦး PDF လေး နှစ်ဦးရဲ့ "ချောင်းဦး PDF ပါခင်ဗျ။ ချောင်းဦး PDF...

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂၇)စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တပ်ပြေးသုံးဦးလိုက်ရှာနေသည့် စစ်ကောင်စီတပ်စိပ်နှင့် PDF တပ်ဖွဲ့များ ထိပ်တိုက်တိုးကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၃)မှ ပြန်ကြား ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

Facebook