Connect with us

Hi, what are you looking for?

News

ဘားအံမြို့ က​မ္ဘာဇဘဏ် ဓါးပြတိုက်ခံရပြီးကျပ်သိန်းတစ်​ထောင်ပါသွားဟုဆို

“ဒီကောင်တွေ( စစ်ကောင်စီနှင့် ရဲ) ပဲ အရပ်ဝတ်နဲ့ ဓားပြတိုက်လားမသိဘူး။ စစ်ကောင်စီဒေါက်တိုင် ခရိုနီဘဏ် အခုလို ဓားပြတိုက်ခံရတာလည်း ကောင်းတာပဲ”ဟု ဘားအံမြို့ခံတစ်ဦးကသူ့အမြင်ကိုပြောသည်။

(KBZ ဘဏ်ခွဲတစ်ခု ။ ဓါတ်ပုံ- CJ)

ဘားအံမြို့တွင် ယနေ့ ညနေပိုင်း၌ က​မ္ဘောဇဘဏ်( KBZ ဘဏ် ) ဓားပြအတိုက်ခံရပြီး ကျပ်သိန်းတစ်ထောင်ကျော်ပါသွားသည်ဟု ကြားသိရကြောင်း ဒေသခံများကပြောသည်။

ဘားအံမြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ KBZ ဘဏ်ခွဲ(၁)အတွင်းသို့ ယနေ့(မတ်လ ၄ရက်)ညနေ သုံးနာရီခန့်တွင် အမျိုးသားငါးဦးဝင်ရောက်ကာ သေနတ်ပစ်ဖောက်၍ ငွေများကိုဓါးပြတိုက် ယူသွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

” Mask တွေ တပ်ထားတယ်။ အချို့ကဆိုင်ကယ်ဦးထုပ်ဆောင်းထားတယ်။ သေနတ်နှစ်ချက်ဖောက်သံကြားရတယ်။ ငွေသိန်းတစ်ထောင်ကျော်ပါသွားတယ်လို့ ကြားတာပဲ။ အတိအကျတော့ မသိဘူး”ဟု အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကပြောသည်။

ဘဏ်သည် ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များ ရှိရာနေရာနှင့်အလှမ်းမဝေးဘဲ ယခုကဲ့သို့ ဓားပြတိုက်ခံရခြင်းအ​​ပါ် ဒေသခံအချို့ကသံသယဝင်နေသည်။

Public Service Announcement

Public Service Announcement

“ဒီကောင်တွေ( စစ်ကောင်စီနှင့် ရဲ) ပဲ အရပ်ဝတ်နဲ့ ဓားပြတိုက်လားမသိဘူး။ စစ်ကောင်စီဒေါက်တိုင် ခရိုနီဘဏ် အခုလို ဓားပြတိုက်ခံရတာလည်း ကောင်းတာပဲ”ဟု ဘားအံမြို့ခံတစ်ဦးကသူ့အမြင်ကိုပြောသည်။

KBZ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်သည် စစ်ကောင်စီအတွက် ဘဏ်လုပ်ငန်း၊​လေ​ကြောင်းသယ်ယူပို့​ဆောင်​ရေး၊စီးပွား​ရေးတို့တွင် ကူညီ​ပေး​နေသူဟုသတင်းကြီးသူဖြစ်ပြီး ၊​ပြည်သူများ၏ ဘဏ်အ​ကောင့်များစွာကို KBZ ဘဏ်ကစစ်​ကောင်စီအလိုကျ ပိတ်သိမ်းခဲ့သည့်အတွက်လူထုက အမြင်မကြည်ဖြစ်နေသည်။ လွန်ခဲ့သည့် လေးရက်(ဖေဖော်ဝါရီ ၂၈ရက်)ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိသီပေါမြို့မှ KBZ ဘဏ် ဓားပြတိုက်ခံရပြီး ကျပ်သိန်းတစ်ထောင် ကျော်ပါသွားခဲ့သေးသည်။KBZ ဘဏ်သည် ဘဏ်ခွဲ​ပေါင်းတစ်​ထောင်​ကျော်ရှိပြီး ပြည်တွင်း၌ ဘဏ်ခွဲအများဆုံးဘဏ်ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း တရားဥပ​ဒေစိုးမိုးမှုပျက်ယွင်း​နေရာ နိုင်ငံတစ်ဝန်း ဘဏ်ဓါးပြတိုက်မှုများမကြာခဏဖြစ်ပွား​နေသည်။ အချို့ ဘဏ်ဓါးပြတိုက်မှုမှာ စစ်​ကောင်စီရဲစခန်း၊စစ်​ကောင်စီတပ်များရှိရာ​နေရာအနီးမှာပင် ဓါးပြတိုက်ခံ​နေရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဘားအံမြို့မှာ ဒီကနေ့ညနေပိုင်းကအသိစိတ်ကင်းမဲ့နေတဲ့ လူငယ်တစ်ဦးဟာ ပေ ၃၀ ​ကျော်မြင့်တဲ့ ကြော်ငြာဆိုင်းဘုတ်ပေါ်တက်နေလို့ဒေသခံတွေနဲ့လူမှုကူညီအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ခဲ့ကြရပါတယ်။

သတင်း

နဝရက်ရွှေဆိုင်ဓါးပြမှုတွင် ကျပ်သိန်းပေါင်းတစ်သောင်းခွဲခန့် ဓါးပြတိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း မုံရွာပလဖ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သတင်း

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်စတိုးဆိုင်များ၊ လူနေအိမ်များ ဓါးပြတိုက်ခံရပြီး လူထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်။

သတင်း

ဇူလိုင် ၃၁ရက် နံနက်အစောပိုင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ သေဆုံးထိခိုက် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။