Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ရွှေဆိုင်ဓါးပြတိုက်သူ သုံးဦးကို ပလဖ ထပ်မံဖမ်းဆီးရမိ

နဝရက်ရွှေဆိုင်ဓါးပြမှုတွင် ကျပ်သိန်းပေါင်းတစ်သောင်းခွဲခန့် ဓါးပြတိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း မုံရွာပလဖ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

(လာရောက်အဖမ်းခံသည့် ရွှေဆိုင်ဓါးပြမှု၌ ပါဝင်သည်ဆိုသော အမျိုးသား ၃ ဦးအား တွေ့ရစဥ်။ဓာတ်ပုံ-မုံရွာပလဖ)
(လာရောက်အဖမ်းခံသည့် ရွှေဆိုင်ဓါးပြမှု၌ ပါဝင်သည်ဆိုသော အမျိုးသား ၃ ဦးအား တွေ့ရစဥ်။ဓာတ်ပုံ-မုံရွာပလဖ)

▪️လွတ်မြောက်နေသည့် ကြိုးကိုင်သူအပါအဝင် နှစ်ဦး အဖမ်းမခံပါက ဒေသအလိုက်ပစ်မိန့်ပေးမည်ဟု မုံရွာပလဖ သတိပေး

ဇေအောင်/People’s Spring

ကျပ်သိန်းပေါင်းတစ်သောင်းခွဲခန့် ဆုံးရှုံးခဲ့သည့် မုံရွာမြို့၊ နဝရက်ရွှေဆိုင်ဓါးပြတိုက်မှုတွင် ပါဝင်ခဲ့သူ သုံးဦးကို ထပ်မံဖမ်းဆီးရမိကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာအတွင်းက မုံရွာမြို့ပေါ်ရှိ နဝရတ်ရွှေဆိုင် ဓါးပြတိုက်မှုဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် အသက်(၂၄)နှစ်အရွယ် စိုးသူ (ခ)အရှည်ကြီး၊ အသက်(၂၀)နှစ်အရွယ် ဟိန်းကိုကို(ခ) မိုးညို၊အသက်(၂၅)နှစ်အရွယ် အောင်နိုင်ထွန်း(ခ)တောသား(ခ)အငယ်လေးတို့အား ထပ်မံဖမ်းဆီးရမိကြောင်း မုံရွာပလဖက ယနေ့(နိုဝင်ဘာ ၃၀ ရက်) ထုတ်ပြန်သည်။

“နှစ်ယောက်က တခြားမြို့နယ်မှာ ရှောင်နေတာ။အဲဒီမြို့နယ်ကအဖွဲ့​တွေနဲ့ ချိတ်ဆက်ပြီး ဖမ်းဝရမ်းထုတ်ပြီး ဖမ်းလိုက်တာ။ တစ်ယောက်ကတော့ ကျွန်တော်တို့ဆီကို လာပြီးအဖမ်းခံတာ။”ဟု မုံရွာမြို့နယ်ပလဖ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

(လာရောက်အဖမ်းခံသည့် ရွှေဆိုင်ဓါးပြမှု၌ ပါဝင်သည်ဆိုသော အမျိုးသား ၃ ဦးအား တွေ့ရစဥ်။ဓာတ်ပုံ-မုံရွာပလဖ)
(လာရောက်အဖမ်းခံသည့် ရွှေဆိုင်ဓါးပြမှု၌ ပါဝင်သည်ဆိုသော အမျိုးသား ၃ ဦးအား တွေ့ရစဥ်။ဓာတ်ပုံ-မုံရွာပလဖ)

သို့သော် နဝရတ်ရွှေဆိုင်ဓားပြတိုက်မှုတွင် အဓိကကြိုးကိုင်သူကတုံးနှင့် ပါဝင်သူ ခိုင်ခိုင်လွင်တို့ ကျန်ရှိနေပြီး နှစ်ဦးလုံး ထွက်ပြေးနေ၍ လာရောက်အဖမ်းခံရန် မုံရွာပလဖက သတိပေးသည်။ ဖမ်းဆီးမခံပါက ထွက်ပြေးတိမ်းရှောင်ရာ ဒေသအလိုက် ပစ်မိန့်ပေးမည်ဟု မုံရွာပလဖက ထပ်မံသတိပေးသည်။

ထပ်မံဖမ်းဆီးရမိသူ သုံးဦးအား မုံရွာမြို့နယ် ပလဖ ဒုတာဝန်ခံကိုသီဟနှင့် မုံရွာခရိုင်တပ်ရင်း(၄)၏ တာဝန်ခံ ဒေါနမောင်မောင်နှင့် ရဲဘော်များ အတူပူးပေါင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၅နှင့် ၂၆ရက်က မုံရွာမြို့ပေါ်ရှိ နဝရက်ရွှေဆိုင်အပါအဝင် နေရာသုံးနေရာတွင် ဓါးပြတိုက်ခံခဲ့ရသည်။

နဝရက်ရွှေဆိုင်ဓါးပြမှုတွင် ကျပ်သိန်းပေါင်းတစ်သောင်းခွဲခန့် ဓါးပြတိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း မုံရွာပလဖ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဓါးပြတိုက်ခံရပြီး ၃ပတ်ခန့်အကြာ အောက်တိုဘာ ၁၅ ရက်တွင် ဓါးပြမှု၌ ပါဝင်ခဲ့သည့် အမျိုးသား သုံးဦးကို သေနတ် ၃ လက်နှင့်အတူ မုံရွာပလဖက စတင်ဖမ်းဆီးရမိခဲ့သည်။

(လာရောက်အဖမ်းခံသည့် ရွှေဆိုင်ဓါးပြမှု၌ ပါဝင်သည်ဆိုသော အမျိုးသား ၃ ဦးအား တွေ့ရစဥ်။ဓာတ်ပုံ-မုံရွာပလဖ)
(လာရောက်အဖမ်းခံသည့် ရွှေဆိုင်ဓါးပြမှု၌ ပါဝင်သည်ဆိုသော အမျိုးသား ၃ ဦးအား တွေ့ရစဥ်။ဓာတ်ပုံ-မုံရွာပလဖ)

ထို့အပြင် နိုဝင်ဘာ ၁၂ ရက်ကလည်း အဆိုပါ ရွှေဆိုင်ဓါးပြမှု၌ ပါဝင်သည့် အသက် ၂၂ နှစ်အရွယ် မေလရောင်(ခေါ်)အမွှေစိန်သည် မုံရွာ ပလဖထံ ဆက်သွယ်ကာ လာရောက်၍ အဖမ်းခံခဲ့သည်။ ယခုအခါ ရွှေဆိုင်ဓါးပြမှု၌ ပါဝင်သူ ၇ ဦးအထိ မုံရွာပလဖက ဖမ်းဆီးရမိထားသည်။

မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့သည် စက်တင်ဘာအတွင်းကလည်း ပျူစောထီးများ၊ မုဒိမ်းမှုကျူးလွန်သူများ၊ သန်းခေါင်စာရင်းကောက်ယူပေးနေသူတစ်ဦးတို့အား ဖမ်းဆီးခဲ့သေးသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်၊ စတိုးဆိုင်များ၊ လူနေအိမ်များ မကြာခဏ ဓါးပြတိုက်ခံရပြီး လူထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်။

၂၀၂၂ စက်တင်ဘာ ၁၁ ရက်က မုံရွာမြို့လယ်မီးပွိုင့်အနီးရှိ သန်းတရာရွှေဆိုင် ဓါးပြတိုက်ခံရပြီး ရွှေအချိန်(၁၀)ပိဿာကျော်ပါသွားခဲ့သည်။

၂၀၂၂ ဒီဇင်ဘာ ၂၀ ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

၂၀၂၃ မတ်လ ၂၁ ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ပေါ်ဦးရွှေဆိုင်ဓါးပြတိုက်ခံရပြီး အောင်မင်္ဂလာရပ်ရှိ ပေါ်ဦး-၂ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှိ ရွှေထည်၊ရွှေတုံးများ ပိဿာလိုက်ပါသွားပြီး ကျပ်သိန်းထောင်ချီလည်း ယူဆောင်သွားသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။