Connect with us

Hi, what are you looking for?

LuduNwayOo

All posts tagged "ဓါးပြ"

သတင်း

ယမတ်နေ့ (မတ်လ ၂၁ ရက်) မွန်းလွဲပိုင်းက မုံရွာ မြို့လယ်၊ လမ်းမကြီးဘေး အောင်မင်္ဂလာရပ်ရှိ ပေါ်ဦး-၂ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှိ ရွှေထည်၊ရွှေတုံးများ ပိဿာလိုက်ပါသွားပြီး ကျပ်သိန်းထောင်ချီလည်း ယူဆောင်သွားကြောင်း ရွှေဆိုင်နှင့်နီးစပ်သူအချို့က ပြောသည်။

သတင်း

လက်ပစ်ဗုံးပစ်ခတ်ခဲ့မှုကြောင့် ဆိုင်ဝန်ထမ်း ၄ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်​ကောင်စီတပ်နှင့်ရုံးများရှိ​​​သောရပ်ကွက်တွင် အတင့်ရဲစွာဓါးပြတိုက်ခြင်းဖြစ်​သော​ကြောင့် စစ်​ကောင်စီတပ်သား၊စစ်​ကောင်စီတပ် ​နောက်လိုက်များက ကျူးလွန်ခြင်းဖြစ်နိုင်​ကြောင်း ​ဒေသခံများကသုံးသပ်​ပြောကြား​နေကြသည်။

သတင်း

မုံရွာမြို့တွင် စစ်တပ်အာဏသိမ်းပြီးနောက် ဓားပြတိုက်လုယက်မှုများ ပိုမိုဖြစ်ပွားလာပြီး ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း မုံရွာမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းဆိုင်တစ်ဆိုင် ဝင်စီးခံရပြီးနောက် ဆိုင်ကယ်များစွာ သိမ်းယူသွားခဲ့ဖူးသည်။

သတင်း

ဓါးပြအုပ်စုသည် အမျိုးသမီး၏ ဖုန်းနှင့် ဆွဲကြိုးကို လုယက်ယူဆောင်ပြီး အနီးနားရှိလူများကိုလည်း ဓါးဖြင့်ခြိမ်းခြောက်ကာ အမျိုးသမီးကို လာရောက်ကူညီသူတစ်ဦးကိုလည်း ဓါးဖြင့်လိုက်ခုတ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူက ပြောသည်။

News

"ဒီကောင်တွေ( စစ်ကောင်စီနှင့် ရဲ) ပဲ အရပ်ဝတ်နဲ့ ဓားပြတိုက်လားမသိဘူး။ စစ်ကောင်စီဒေါက်တိုင် ခရိုနီဘဏ် အခုလို ဓားပြတိုက်ခံရတာလည်း ကောင်းတာပဲ"ဟု ဘားအံမြို့ခံတစ်ဦးကသူ့အမြင်ကိုပြောသည်။

Facebook